Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်

4.4K 995 25
                                    

Unicode

အခန်း(၂၂၆) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်

ယန်ထျန်းဟန်ကလင်ရွှမ်းဇီကို ဆွဲထုတ်သွားရင်းဖြင့်ခြေလှမ်း အနည်းငယ်သာလှမ်းလိုက်ရသည် ပြင်းထန်သည့်ရမ်းခါမှုကြောင့် နှစ်ယောက်လုံးမြေပေါ်လဲကျသွားရသည်။

တစ်ခြားတစ်ဖက်မှာတော့ယွမ်ထျန်းဝမ် ရဲ့အခြေအနေကတော်တော်လေး ကောင်းမွန်သည်။သူကသွေးတစ်ပွက် သာအန်ထုတ်လိုက်ကာလက်တစ်ဖက် ဖြင့်ဓားကိုထောက်ထားရင်းသူ့ကိုယ်သူ ထိန်းထားလိုက်သည်။

သွမ့်ယွီယန်မှာတော့နှလုံးသားက လည်ပင်းထိရောက်လုနီးနေပြီဖြစ် ပြီးအခြေအနေကိုမြင်သောအခါ စိတ်သက်သာရာရစွာသက်ပြင်းချ၍ ရှေ့သို့တိုးသွားဖို့ရည်ရွယ်ထားသည့် သူ့ခြေလှမ်းများကိုလမ်းတစ်ဝက်မှာ ရပ်တန့်လိုက်သည်။

"အကိုကြီးရူးသွားပြီလား!?ဘာလို့ သူ့ကိုသွားကယ်ရတာလဲ?ကိုယ့် အသက်ကိုဒီထက်ပိုပြီးမလိုချင် တော့ဘူးလား?!"

ယန်ထျန်းဟန်ကအော်ဟစ်ဆူပူ လိုက်ရင်းသူ့လက်နှစ်ဖက်လုံးက တော့တုန်ယင်နေသည်။ကွဲထွက်သွား သည့်ဒဏ်ရာကနေထွက်လာသည့် သွေးများဖြင့်စွန်းပေနေသည့်လင်ရွှမ်းဇီ ခန္တာကိုယ်ကိုကြည့်ပြီးသူ့နှလုံးသားက ဘာမှမတတ်နိုင်ပဲတုန်လှုပ်နေမိ၏။

"လင်ရွှမ်းဇီရှင်ဘာလုပ်လိုက်တာလဲ?!" ရှန်ရူပင်းသည်အလွန်ဒေါသထွက်နေ သည်။သူမကဒီတိုက်ခိုက်မှုအတွက် သူမဆီမှာရှိသမျှဖုန်းကွယ်ထားသည့် ကဒ်တွေအားလုံးအသုံးပြုလိုက်ခြင်း ဖြစ်သော်လည်းလင်းရွှမ်းဇီရဲ့မဆင် မခြင်လုပ်ရပ်ကြောင့်အားလုံးပျက်စီသွားပြီ!

ရှန်ရူပင်းသည်လင်ရွှမ်းဇီအား အရင်တုန်းကအနည်းငယ်အရူး အမူးဖြစ်ခဲ့မိသော်လည်းအခုချိန် မှာတော့ထိုခံစားချက်များက အေးခဲသွားခဲ့ရပြီဖြစ်၏။

လင်ရွှမ်းဇီကသူ့နှုတ်ခမ်းကိုကိုက် လိုက်ပြီးယန်ထျန်းဟန်ရဲ့ထောက်ပံ့ ပေးထားမှုနဲ့မတ်တပ်ရပ်လိုက်သည်။ သူ့နှုတ်ခမ်းများကတော့ဖြူဖျော့နေသည်။

"ကျုပ်ချီမိသားစုကိုကံကြမ္မာကြွေး တစ်ခုတင်နေတယ်ကျုပ်ရှေ့မှာ ချီမိသားစုကလူတစ်ယောက်ထပ်ပြီး သေမှာကိုကြည့်မနေနိုင်ဘူး"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now