Chapter(261) - တစ်ခြား 'အမေ'

3.9K 805 18
                                    

Unicode

အခန်း(၂၆၁) - တစ်ခြား 'အမေ'

တံခါးပိတ်ပြီးနောက်ဆုမိုကလင်ရွှမ်းဇီနှင့်မိသားစုနှစ်စုရဲ့စီးပွားရေးပေါင်းစည်းမှုအကြောင်းအားအရင်ဆုံးဆွေးနွေးသည်။လင်ရွှမ်းဇီရဲ့မေးခွန်းတွေကိုဖြေပေးပြီးမိသားစုကိစ္စနှင့်ပတ်သတ်သည့်သံသယများကိုဖြေရှင်းပြီးနောက်ဆုမိုကတစ်နည်းနည်းနဲ့လင်ရွှမ်းဇီရဲ့ကိုယ်ရေးကိုယ်တာကိစ္စဘက်သို့ခေါင်းစဉ်ပြောင်းလိုက်၏။

ဆုမိုကပွင့်ပွင့်လင်းလင်းပဲမေးသည်။

"မင်းနဲ့မင်းညီလေးနဲ့ကအခုတူတူဖြစ်သွားပြီလား?"

ဆုမိုမြင်နိုင်တာကိုလင်ရွှမ်းဇီကသိပ်ပြီးမအံ့သြပေ။ပြီးတော့လည်းသူနဲ့ယန်ထျန်းဟန်တို့ကဒီရက်တွေအတွင်းမှာဘာကိုမှဖုန်းကွယ်ထားခြင်းမရှိသလိုစကားပြောဆင်ခြင်တာလည်းမရှိပဲတမင်သက်သက်လုပ်ခဲ့ခြင်းဖြစ်သည်။အဲ့ဒီအကြောင်းကိုမြင်သင့်သည့်သူတွေအမြန်ဆုံးမြင်တွေ့နိုင်ပြီးအနာဂတ်မှာမသင့်တော်တာတစ်ခုခုပြောမိခြင်းကနေသူ့ကိုယ်သူကယ်တင်နိုင်ရန်ပင်။

ပြီးတော့လည်းလူနှစ်ယောက်ချစ်နေတဲ့ကိစ္စမျိုးကဖုန်းကွယ်ချင်ပါတယ်ဆိုရင်တောင်လုပ်လို့မရနိုင်ဘူး။

လူနှစ်ဦးကတစ်ယောက်နဲ့တစ်ယောက်ရင်းနှီးကျွမ်းဝင်မှုရှိနေသ၍သူတို့ရိုးရိုးရှင်းရှင်းဘေးချင်းယှဉ်လျှောက်နေရင်တောင်သူတို့ရဲ့အရှိန်အဝါနဲ့အကြည့်တွေကတော့တစ်ခြားသူတွေနဲ့ကွာခြားနေဦးမှာပဲ။

လင်ရွှမ်းဇီကခေါင်းညိတ်ပြပြီးအေးဆေးတည်ငြိမ်စွာနဲ့ဝန်ခံသည်။

"အမှန်ပါပဲ,ကျွန်တော်တို့အတူတူဖြစ်နေပြီ"

ဆုမိုရဲ့မျက်နှာပေါ်တွင်အတော်လေးစိတ်ပူနေသည့်အမူအယာပေါ်လာသည်။သူကခဏမျှတွန့်ဆုတ်နေပြီးမှပြောလာ၏။

"မင်းရဲ့နောက်ခံနဲ့ပတ်သတ်ပြီးဘယ်လောက်ထိသိထားလဲ?"

လင်ရွှမ်းဇီကခဏမျှရပ်တန့်သွားမိသည်။ယန်ထျန်းဟန်ရဲ့နောက်ကြောင်းနဲ့မူလအရင်းအမြစ်နဲ့ပတ်သတ်ပြီးသူသိနေလားလို့မေးမယ်ထင်ထားခဲ့တာဖြစ်သော်လည်းဆုမိုကသူ့နောက်ခံကိုမေးလာမယ်လို့မထင်ထားခဲ့မိပေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now