Chapter(250) - အားဟန်ရဲ့နောက်ခံ

4.5K 936 13
                                    

Unicode

အခန်း(၂၅၀) - အားဟန်ရဲ့နောက်ခံ

"ဖုန်ကျင်းယွီကမင်းကိုသက်တံ့ရောင်တိမ်တိုက်ထဲခေါ်သွားပြီးတော်ဝင်ကောင်းကင်ဘုံမြို့တော်မှာသွားသတ်ဖြတ်ကြမယ်လို့ပြောတာလား၊"

လင်ရွှမ်းဇီကမျက်တောင်တစ်ချက်ပင်မခတ်နိုင်ပဲယန်ထျန်းဟန်ဆက်မေးလေသည်။

"ပြီးတော့မင်းကိုချင်းယွမ်မင်းဆက်ကမင်းသားတွေရဲ့ရာဇပလ္လင်လုတိုက်ပွဲတွေအကြောင်းကိုလည်းပြောပြတယ်ပေါ့လေ"

ယန်ထျန်းဟန်ကခေါင်းညိတ်ပြပြီးအနည်းငယ်မျက်မှောင်ကျုံ့ကာမသေချာမှုတစ်ချို့နဲ့ပြန်ဖြေသည်။

"မောက်မောက်ကကျွန်တော့ကိုတစ်ခုခုအရိပ်အမြွက်ပြောနေတယ်လို့အမြဲတမ်းခံစားနေရပေမယ့်သူဘာပြောဖို့ကြိုးစားနေလဲဆိုတာကိုတော့ကျွန်တော်နားမလည်ဘူး....သူပြန်ပြီးလက်စားခြေမယ်ဆိုတာကတော့ကောင်းပါတယ်ဒါပေမဲ့ဘာလို့ကျွန်တော့ကိုပါခေါ်သွားဖို့လိုရတာလဲ?ကျွန်တော်ကတော့ခရမ်းအင်ပါယာကောင်းကင်ဘုံမြို့တော်ကိုပြန်ပြီးပလ္လင်လုတိုက်ပွဲမှာဝင်မပါချင်ပါဘူး...အားဂုကိုပဲကြည့်ပါလားသူကသေချာပေါက်ကိုအင်အားကြီးရဲ့သားနဲ့အဆုံးမှာသေဆုံးခဲ့ရသေးတာပဲလေ"

ဘာဖြစ်လို့လဲဆိုတော့မင်းကသူ့ပုံပြင်ထဲမှာပြောထားတဲ့မင်းသားဖြစ်နေနိုင်လို့ပေါ့...အနာဂတ်ဟောသူဆီကနေအသတ်ခံရလုနီးပါးဖြစ်ခဲ့တဲ့သူ

လင်ရွှမ်းဇီကသူ့နှလုံးသားထဲမှာသက်ပြင်းချလိုက်ပြီးသူ့အတွေးထဲမှာပဲအဖြေပြန်ပေးလိုက်သည်။

ထိုစကားကိုပြောရင်းယန်ထျန်းဟန်ကနောက်တစ်ဖန်သက်ပြင်းချကာသူ့နှာခေါင်းလေးကိုထိလိုက်သည်။

"မောက်မောက်ကလည်းအတော်လေးသနားဖို့ကောင်းပါတယ်လေ...သူ့မှာအိမ်ရှိပေမယ့်မပြန်နိုင်ဘူး..သူကတစ်ခြားသူတွေဆီကတောင်အမဲလိုက်သလိုအလိုက်ခံနေရတယ်...သူနဲ့အားဂုတို့ကတကယ့်ကိုအခက်အခဲတွေကြုံတွေ့နေရတဲ့ညီအစ်ကိုစုံတွဲပဲ"

လင်ရွှမ်းဇီရဲ့နှလုံးသားကရုတ်တရက်အေးခဲသွားသော်လည်းယန်ထျန်းဟန်တစ်စုံတစ်ရာသတိပြုမိမှာစိုးသောကြောင့်သတိမပေးရဲပေ။ထို့ကြောင့်သူ့ရဲ့ခံစားချက်မပြသည့်အမူအယာကိုသာဆက်ထိန်းထားပြီးယန်ထျန်းဟန်ရဲ့မျက်နှာသေးသေးလေးကိုပွတ်လိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now