Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ

2.4K 612 17
                                    

Unicode

အခန်း(၃၄၈) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ

အခန်းထဲကို ဝင်ပြီးနောက်မှာတုချီယင်းက တံခါးအား အတွင်းကနေ သော့ခတ်လိုက်ပြီး ဝိညာဉ်ချီစုဆောင်းခြင်း ကိရိယာအား အလျင်စလို ထုတ်ကြည့်လိုက်၏။ သူ့လက်ချောင်းများက ချော့မွေ့သည့် ကျောက်တုန်းမျက်နှာပြင်အား ထိကြည့်လိုက်ပြီး ရင်ခုန်မြန်လာသည်။

သူဒါကို မဟာအကြီးအကဲ ချင်းယွင်ဆီ ပေးလိုက်ပါ့မယ်လို့ ပြောခဲ့ပေမယ့်လည်း တုချီယင်းအနေနဲ့ ဒီလိုရတနာကိရိယာကို မြင်ရတဲ့အချိန်မှာ ဘယ်လိုများ သွေးဆောင်မှု မခံရပဲ နေပါ့မလဲ?

ဒါက ရတနာကိရိယာလေ! တိုက်ကြီးငါးတိုက်မှာ အလွယ်တကူ မမြင်တွေ့နိုင်တဲ့ ရတနာကိရိယာ!

တုချီယင်းသည် ဘာလို့သူ့အဖေက ဒီလိုအရေးကြီးတဲ့ အရာမျိုးကို မဟာအကြီးအကဲ ချင်းယွင်ဆီ ပေးလည်းဆိုတာ သူနားမလည်နိုင်ပေ။ တကယ်တော့လည်း မဟာအကြီးအကဲ ချင်းယွင်က သူ့အဖေကို အရမ်းလေးစားတယ် ဆိုရင်တောင် ကျိုးပျက်ဓားတောင်ထွတ်ကို မကြာခဏ တိုက်ခိုက်နေတတ်သည်ပဲလေ။ မကြာသေးခင်ကဆို နစ်မြှုပ်ဓားတောင်ထွတ်နဲ့ပါ အဆက်အသွယ် ရှိနေပြီး မဟာမိတ်ဖွဲ့ထားပုံရသည်။

ဒါက နက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ရာထူးကို အကြီးအကျယ် ခြိမ်းခြောက်မှု ပေးနိုင်တာတောင် ကျန်းချန်ကျစ်ကတော့ ဒါကို ဒီအတိုင်း လစ်လျူရှုပြီး လွှတ်ပေးထားတယ်။

ထိုအချိန်လေးမှာ တုချီယင်းက ဒီဝိညာဉ်ချီစုဆောင်းခြင်း ကိရိယာအား မိမိအတွက်သာ အသုံးချဖို့ ဆုံးဖြတ်လိုက်တော့လေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ကျန်းချန်ကျစ်က တံခါးပိတ်တရားကျင့်ကြံခြင်းကို ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး သူဘယ်အချိန် ပြန်ထွက်လာမလဲ ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ဘူး။ ဒါအပြင် ဒီဝိညာဉ်စုဆောင်းခြင်း ကိရိယာအကြောင်းကိုလည်း သူနဲ့ကျန်းချန်ကျစ်တို့သာ သိထားတာဆိုတော့ သူ့အတွက်သူ သုံးလိုက်မယ် ဆိုရင်တောင် ဘယ်သူမှ သိလိုက်မှာမှမဟုတ်တာ။ 

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now