Chapter(304) - ထူးချွန်တဲ့တပည့်

3.1K 716 23
                                    

Unicode

အခန်း(၃၀၄) - ထူးချွန်တဲ့တပည့်

"အရာအားလုံးက မသေချာသေးဘူး" လင်ရွှမ်းဇီက ပေါ့ပေါ့ပါးပါးပြောသည်။

"အတည်ပြုတာကိုတော့ ဦးလေးကျူက ငါတို့ထက်ပိုပြီး ဂရုစိုက်တတ်လိမ့်မယ်, အဲ့ဒီလူတွေက အရမ်းစွမ်းအားကြီးပြီး အရမ်း လျို့ဝှက်ဆန်းကြယ်တယ်ဆိုတော့ သူတို့အကြောင်းကို ဖော်ပြချင်စိတ် ရှိကြမှာမဟုတ်ဘူး, ငါကြောက်တာက တစ်ခြားမိသားစုတွေကို နောက်တစ်ခေါက် ထပ်သွားမေးနေရင်တောင် ဘာမှရှာမတွေ့မှာကိုပဲ အဲ့ဒါကြောင့် တိမ်ထွတ်ဖျားဆီက သတင်းကို စောင့်ယုံပဲရှိတော့တယ်"

ယန်ထျန်းဟန်ကလည်း သဘောတူသည်။

"ဒါက တစ်ခုတည်းသောနည်းလမ်းပဲ"

နောက်တစ်နေ့မှာ ယန်ထျန်းဟန်နဲ့ လင်ရွှမ်းဇီတို့က နက်ရှိုင်းမြို့ကို ပြန်ကြသည်။ သူတို့က မြို့ထဲမှာ ရက်အနည်းငယ် နေပြီးနောက် မဟာအကြီးအကဲ ဟွိုင်ယွီပေးလိုက်တဲ့ စာရင်းထဲက ပစ္စည်းတွေကို ဝယ်ယူရန် ချင်းကျူလွှတ်ထားတဲ့ လက်အောက်ငယ်သားအား စောင့်ဆိုင်းကြရသည်။ ရတာနဲ့ ပါရမီရှင်လေး နှစ်ယောက်က နက်ရှိုင်းကောင်းကင်ဂိုဏ်းရှိရာသို့ လျှောက်သွားလိုက်ကြတော့လေ၏။

နက်ရှိုင်းကောင်းကင်ဂိုဏ်းက မကြာသေးခင်ကတင် ပထမအဆင့် စာမေးပွဲကို ပြီးမြောက်ထားတာဖြစ်သည်။

ပထမအဆင့်က အလွန်ရိုးရှင်းသည်။ ၎င်းသည် အမှန်တကယ် စာမေးပွဲမတိုင်မီ စမ်းသပ်မှု တစ်ခုသာဖြစ်သည်။ နက်ရှိုင်းကောင်းကင်ဂိုဏ်းသို့ဝင်ဖို့ စာရင်းသွင်းရသော တပည့်များသည် အာရုံခံကျောက်တုန်းအား တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်ရသည်။ သူတို့က စံသတ်မှတ်ချက် ပြည့်မီမှသာ စာမေးပွဲဖြေရန် အရည်အချင်းပြည့်မီနိုင်သည်။

နက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့ လိုအပ်ချက်များက အမြင့်ဆုံး မဟုတ်သော်လည်း ကောင်ကင်အဆင့် ဂိုဏ်းများကြားထဲမှာ အနိမ့်ဆုံးလည်း မဟုတ်ပေ။ စာမေးပွဲကို အောင်မြင်သူများသည် အသက်နှစ်ဆယ့်ငါးနှစ်အောက် ရှိရမှာဖြစ်ပြီး အနည်းဆုံး ဝိညာဉ်မြစ်သုံးခုနှင့် သန့်စင်တဲ့ ချီအဆင့် တတိယအလွှာသို့ ရောက်ပြီးသားသူ ဖြစ်ရပေမည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now