Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း

2.3K 595 19
                                    

Unicode

အခန်း(၃၅၃) - အကျပ်အတည်းကို ဖြေရှင်းခြင်း

နှစ်နာရီခန့်အကြာတွင် ဝါးအိမ်ထဲမှ နာကျင်စွာ အော်ဟစ် ငိုကြွေးသံ ထွက်ပေါ်လာသည်။ ၎င်းသည် ပြတ်တောင်းပြတ်တောင်း ဖြစ်သွားလိုက် ကျယ်လောင်လာလိုက် ဖြစ်နေတာပင်။ ဒါ့အပြင် တိုးတိုးကြိတ်ကြိတ် ရန်ဖြစ်သံများလည်း ရှိနေပုံရသည်။

ယန်ထျန်းဟန်နဲ့ လင်ရွှမ်းဇီတို့မှာတော့ အချင်းချင်း အကြည့်ချင်း ဖလှယ်မိကြကာ အထဲက အခြေအနေအပေါ် နှစ်ယောက်လုံး စိုးရိမ်ပူပန်နေမိကြသည်။

သို့သော်လည်း သူတို့နှစ်ယောက်လုံးက မဟာအကြီးအကဲ လန်ယွဲ့၏ မှာကြားချက်ကို အမှတ်ရတာကြောင့် မလှုပ်ရှားကြပေ။ သူတို့က အထဲမှာ တစ်ခုခု ကြီးကြီးမားမားဖြစ်သွားတာ ဒါမှမဟုတ် လန်ယွဲ့က သူတို့နာမည်ကို လှမ်းခေါ်တဲ့ အခါမျိုးမှသာ အထဲဝင်ပြေးနိုင်စေရန် အစီအစဉ် ချနိုင်ကြသည်။

သနားချင့်စဖွယ် ညည်းညူသံက နာရီဝက်မျှ ကြာပြီးမှသာ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ ကံကောင်းစွာနဲ့ သူတို့ တွေးထားခဲ့သော အခန်းလုံးဝ ပေါက်ကွဲထွက်သွားသည့် ကိစ္စမျိုးက ဖြစ်မလာခဲ့။

ယန်ထျန်းဟန်ရဲ့ တင်းကြပ်နေသည့် အာရုံကြောများသည်လည်း နောက်ဆုံးတော့ ပြေလျော့သွားရသည်။

နောက်ထပ် သုံးရက်သုံးည ကုန်ဆုံးပြီးနောက် ကြည်လင်နေသည့် မနက်ခင်းတစ်ခုမှာ ဝါးအိမ်တံခါးက တွန်းဖွင့်လာသည်။

မဟာအကြီးအကဲ လန်ယွဲ့၏ မျက်နှာက ဖြူဖျော့နေသော်လည်း သူ့ခြေလှမ်းများကတော့ တည်ငြိမ်ပြီး အားကောင်းနေဆဲပင်။ သူထွက်လာသောအခါ အနားမှာ ထိုင်စောင့်နေဆဲဖြစ်သည့် နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး နူးနူးညံ့ညံ့ ပြောလိုက်သည်။

"ငါနဲ့လိုက်ခဲ့ကြ"

ယန်ထျန်းဟန်က အလျင်စလို ထရပ်ပြီး လန်ယွဲ့နောက်ကနေတစ်ဆင့် သစ်သီးပင်များရှိသည့် သစ်တောရှိရာသို့ လိုက်သွားသည်။

လင်ရွှမ်းဇီက မေးလာ၏။

"ဂိုဏ်းတူဦးလေးက ဘာဖြစ်တာလဲ?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now