Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း

2.3K 545 9
                                    

Unicode

အခန်း(၃၆၄) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း

ခဏတာ မျက်လုံးများ မှေးကျဉ်း၍ စဉ်းစားပြီးနောက်မှာ တုချီယင်းရဲ့ ဒေါသက ပြေလျော့သွားသည်။ သူက အံကိုတင်းတင်းကြိတ်၍ ပြော၏။

"အဲ့ဒီ လက်မှုပညာရှင်, အဲ့ဒါကို ငါ့အတွက် ထွင်းထုပေးဖို့အတွက် အချိန်ဘယ်လောက် ကြာမလဲ?"

ထုန်လဲ့က ဖြေသည်။

"အရင်တစ်ခေါက် အဲ့ဒီမေးခွန်းကို မေးတုန်းကတော့ အများဆုံး တစ်လလောက် လိုတယ်ပြောတာပဲ"

အများဆုံး တစ်လ.....သူစောင့်နိုင်သေးတယ်

တုချီယင်းသည်  မှော်ကိရိယကို ထွင်းထုဖို့အတွက် ပေးချေရမည့် ကြီးမားလှသော ဈေးနှုန်းကို တွေးရင်း မျက်လုံးမလှန်ပဲ မနေနိုင်တော့ပေ။ ထိုအကြောင်းကို တွေးရရင် စိတ်ဒုက္ခမရောက်ပဲ မနေနိုင်။ သို့သော်လည်း ဒီနေ့ လင်ရွှမ်းဇီက သူ့ကိုလာပြီး မလေးမစား သဘောထားနှင့် စော်ကားမော်ကား ပြောတဲ့ ပုံစံကို ပြန်စဉ်းစားမိတော့ သူ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ရုတ်တရက်ပင် ဒေါသများ ဆူပွက်လာရတော့၏။

"ကောင်းပြီ, မင်းဒီနေ့ပဲ တောင်အောက်ဆင်းပြီး အဲ့ဒီလူကို ပြောလိုက်,လျှပ်စီးကို ဆွဲဆောင်နိုင်မယ့် မှော်ရတနာကို ထွင်းထုစေချင်တယ်လို့, တတ်နိုင်သမျှ အမြန်ဆုံး လုပ်ပေးခိုင်းလိုက် အများဆုံး တစ်လပဲ!"

တုချီယင်းက စိတ်ကို ပြင်ဆင်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်။

သူ့စိတ်ထဲမှာ တိတ်တဆိတ်တွေးမိသည်။

ပိုက်ဆံသုံးတာက သူ့အတွက် ဘာများကိစ္စရှိလို့လဲ? သူက ဘယ်တုန်းကမှ ငွေလိုတယ် ဆိုတာမျိုး မရှိဘူး။ အရေးကြီးဆုံးကတော့ သူ့ကျင့်ကြံဆင့်ကိုမြင့်တင်နိုင်မယ့် အပြင် တစ်ချိန်တည်းမှာ သူ့နာမည်ကိုလည်း လူသိများအောင် လုပ်နိုင်လိမ့်မယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ သူ လင်ရွှမ်းဇီထက်တော့ မဆိုးစေရဘူး

ထုန်လဲ့က ခေါင်းညိတ်လိုက်သည်

"ကျွန်တော် တောင်အောက်ကို ဆင်းပြီး သူ့ကို အခုချက်ချင်း ရှာလိုက်ပါ့မယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now