Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း

5.3K 1K 113
                                    

Unicode

အခန်း(၂၃၂) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း

အဲ့ဒီစကားကရွှင်မြူးဖို့ကောင်းပြီး စိတ်သက်သာရာရတယ်လို့ခံစားရ တာကြောင့်'ကောင်းပြီ'ဟူသည့် စကားဖြင့်တုန့်ပြန်လိုက်ကာ ရွှတ်နောက်နောက်ပုံစံဖြင့်ပြုံးလိုက်သည်။

"ငါ့မိသားစုရဲ့အားဟန်လေးက ရှာလကာရည်တွေတိတ်တဆိတ် စားပြီးသူ့ကိုယ်သူအရမ်းတွေ အပူရှာနေတာလျော့နည်းအောင် သေချာပေါက်အနာဂတ်မှာ ယင်ကောင်ငါ့ကိုချဉ်းကပ်လာ ရင်တောင်တိတိကျကျပြောပြပေးမယ်"

လင်ရွှမ်းဇီကသူ့ဆီပြေးလာပြီး ယင်ကောင်သူ့နောက်လိုက်လာ တယ်လို့ပြောတဲ့ပုံအား ယန်ထျန်းဟန်မြင်ယောင်ကြည့် မိတဲ့အခါမနေနိုင်ပဲရယ်မောမိတော့သည်။

"ရှာလကာရည်ကိုတိတ်တဆိတ် စားရတာတကယ်ပဲခံစားလို့ မကောင်းဘူးကျွန်တော်အနာဂတ် မှာပေါ်ပေါ်တင်တင်ပဲစားတော့မယ်"

လင်ရွှမ်းဇီကရယ်လိုက်သည် "ကောင်းပါပြီဗျာ"

နှစ်ယောက်သားရင်းရင်းနှီးနှီး နှင့်ချိုမြိန်စွာပူးကပ်နေပြီးသူတို့ နှစ်ယောက်သားနမ်းတော့မလို ဖြစ်နေတဲအချိန်မှာပဲ....အမြဲတမ်း ပတ်ဝန်းကျင်ကိုဖျတ်ဆီးတဲ့တစ်စုံ တစ်ယောက်ကတော့ရှိနေမြဲပဲလေ

ကျယ်လောင်တဲ့'ဘန်း'ဆိုတဲ့အသံ ကသိပ်မဝေးတဲ့ကန်ဆီမှထွက်ပေါ်လာသည်။

လင်ရွှမ်းဇီနဲ့ယန်ထျန်းဟန်တို့ နှစ်ယောက်သားတစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြပြီး ကန်ရှိနေသည့်ကမ်းခြေဘက် လှမ်းကြည့်မိကြသည်။

သစ်ပင်အောက်မှာမျက်လုံးမှိတ်ပြီး လဲလျောင်းနေသည့်သွမ့်ယွီယန် သည်လည်းယုန်လေးတစ်ကောင် လိုခုန်ထလာလေသည်။ခဏမျှရပ်တန့် သွားပြီးမှကန်ရှိရာဘက်သို့စတင်ပြေး သွားတော့သည်။

အဲ့ဒီမှာယွမ်ထျန်းဝမ်ရှိနေတယ်

"အား-!" မြေများပြိုကျကာ ကျောက်တုန်းများကွဲကြေသည့် အသံနှင့်အတူနာနာကျင်ကျင်နဲ့ အော်ဟစ်သံတစ်ခုလိုက်ပါလာကာ မျက်နှာကိုတိုက်ရိုက်,ရိုက်ခတ် မိလေသည်။တစ်ချက်အကြည့်နဲ့ တင်သွမ့်ယွီယန်ကကြီးမားတဲ့ ကျောက်တုန်းကြီးအားသူ့လက် ထဲကဓားနှင့်ကြုံသလိုခုတ်နေ သည့်ယွမ်ထျန်းဝမ်ကိုတွေ့လိုက်ရသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now