Chapter(264) - တောင်သခင်လေးကျန်း

4.2K 797 5
                                    

Unicode

အခန်း(၂၆၄) - တောင်သခင်လေးကျန်း

ရက်အနည်းငယ်ကြာပြီးနောက်လင်မိသားစုရဲ့ရထားတန်းကနက်ရှိုင်းမြို့သို့ရောက်ရှိလာသည်။

လတ်တလောမှာနက်ရှိုင်းမြို့ထဲတွင်ဆူညံပွက်လောရိုက်၍သက်ဝင်လှုပ်ရှားနေသည်။ဂိုဏ်းဝင်ခွင့်ယှဉ်ပြိုင်ပွဲမှာပါဝင်ကြမယ့်ကျောင်းသားများအားလုံးကထိုနေရာမှာစုစည်းနေကြပြီးယှဉ်ပြိုင်ပွဲကြီးတွင်သူတို့ရဲ့စွမ်းရည်များကိုပြသဖို့စိတ်အားထက်သန်နေကြသည်။

လင်ရွှမ်းဇီသည်အကျွမ်းဝင်လှသည့်နက်ရှိုင်းမြို့ကိုကြည့်လိုက်ပြီးနောက်တိမ်ထဲထိရောက်လုမတတ်မြင့်မားလှသည့်နက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့ပင်မတောင်အားငေးကြည့်မိသည်။သို့သော်သူ့စိတ်အခြေအနေကတော့အတိုင်းထက်အလွန်ကိုတည်ငြိမ်နေသည်။

သူထွက်ခွာလာခဲ့တုန်းကသူ့နှလုံးသားတစ်ခုလုံးမှာမကျေနပ်မှုတွေမုန်းတီးမှုတွေနဲ့ပြည့်နှက်နေခဲ့ရသည်။နက်ရှိုင်းကောင်းကင်ဂိုဏ်းတစ်ခုလုံးကိုတောင်အမြစ်ဖြုတ်ချေမှုန်းချင်ခဲ့သော်လည်းအခုဒီလိုပြန်လာရတဲ့အချိန်မှာတော့အတော်လေးအေးဆေးပြီးတည်ငြိမ်နေမိသည်။လက်စားချေချင်သည့်ကိစ္စတောင်အတူတူလိုမခံစားရတော့ပေ;အခွင့်အရေးရှိမယ်ဆိုရင်တော့သူဖြတ်သွားဖြတ်လာနဲ့လက်စားချေမယ်ဆိုပေမယ့်အင်အားတော့အများကြီးစိုက်ထုတ်နေမှာမဟုတ်တော့ဘူး

လူတစ်ယောက်ကအချစ်ကိုရှာတွေ့ပြီးထိုချစ်ခြင်းမေတ္တာကိုပြန်လည်ရသွားသည်နှင့်တစ်ပြိုင်နက်သူတို့ကပိုပြီးတည်ငြိမ်အေးချမ်းလာကြလိမ့်မည်လေ။

"အကိုကြီး,အရမ်းစည်ကားတာပဲနော်!" ယန်ထျန်းဟန်ကသူ့လက်နဲ့မျက်နှာလေးအားပြတင်းပေါက်မှာထုတ်ထားသည်။သူ့မျက်လုံးများကတော့မျက်တောင်တစ်ချက်ပင်မခတ်ပဲမီးတွေမှုတ်,ရေနဂါးတွေဖန်တီးပြီးတိုက်ခိုက်နေကြသည့်ကျင့်ကြံသူများအားပျော်ရွှင်မြူးတူးစွာကြည့်နေသည်။

"ရက်အနည်းငယ်အတွင်းပိုပြီးတောင်စည်ကားလာဦးမှာ"

လင်ရွှမ်းဇီကယန်ထျန်းဟန်ရဲ့ကျောကုန်းလေးကိုကြည့်ရင်းသူ့မျက်လုံးထဲမှာနူးညံ့သိမ်မွေ့ခြင်းတွေဖြစ်တည်လာရသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now