Chapter(238) - ဒီငှက်,အဲ့ဒီငှက်

4.4K 973 104
                                    

Unicode

အခန်း(၂၃၈) - ဒီငှက်,အဲ့ဒီငှက်

ထိုငှက်အကြောင်းကိုပြောနေတဲ့ အချိန်မှာရန်ဖူယောက်ကယန်ထျန်းဟန် အားအဓိပ္ပါယ်ရှိရှိလှမ်းကြည့် လိုက်သည်။

"မိတ်ဆွေလေးယန်ကိုအဲ့ဒီငှက် ဘယ်မှာလဲဆိုတာရဲတင်းစွာပဲမေးလို့ ရမလား?သူ့ရဲ့မူလနဲ့နောက်ကြောင်း ကရောဘာပါလဲ?"

ယန်ထျန်းဟန်သည်ရှန်ချောင်ကွန်းကို အသက်ရှင်ရက်လွှတ်ပေးခဲ့ခြင်းအား အလွန်စိတ်အနှောက်အယှက်ဖြစ်နေ မိသည်။သူကထွက်လာကတည်းက တကယ်ကိုအဆုံးမရှိတဲ့ပြဿနာ တွေဖြစ်စေတာပဲ...

သို့သော်သူကအမူအယာကင်းမဲ့နေ တဲ့မျက်နှာသေ,သေးသေးလေးဖြင့် ကြည့်လိုက်ပြီးအပြစ်မဲ့တဲ့ရုပ်လေး နဲ့ပြောလိုက်သည်။

"အဲ့ဒီငှက်ဘာလဲဆိုတာကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ?အဲ့ဒီငှက်က လုချင်းလီဆေးလုံးကန့်သတ်လျို့ဝှက် နယ်မြေထဲမှာရှန်မိသားစုကအရှက်မဲ့တဲ့ လူတွေကိုမီးလောင်တိုက်သွင်းဖို့မွေးထား တဲ့ငှက်လည်းဖြစ်နိုင်တာပဲလေ"

"လုချင်းလီ?" ရန်ဖူယောက်ကထိုနာမည်ကိုမကြားဘူးပေ။

ယန်ထျန်းဟန်ကခေါင်းညိတ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ကာရှန်မိသားစုကို ကဲ့ရဲ့နေသကဲ့သို့သူ့ရဲ့အထင်အမြင် သေးမှုကိုဖော်ပြလိုက်သည်။

"လုချင်းလီကဆေးလုံးကန့်သတ် လျို့ဝှက်နယ်မြေရဲ့တကယ့်အရှင်သခင် အစစ်ပဲ..သူကလည်းအဲ့ဒီရှန်မိသားစု ကသစ္စာဖောက်အိုကြီးကြောင့်ဘောင် ခတ်ခံခဲ့ရတဲ့သနားစရာဝိဉာဉ်လေး တစ်ခုလေ!"

ထူးဆန်းတဲ့အမူအယာတစ်ခုက ရန်ဖူယောက်ရဲ့မျက်လုံးထဲဖြတ်ပြေး သွားကာသူ့ဘာသာသူတွေးလိုက်မိသည်။

ကြည့်ရတာသူသိနိုင်တာထက်ပိုတဲ့ ကိစ္စတွေအများကြီးဆေးလုံးကန့် သတ်လျို့ဝှက်နယ်မြေထဲမှာဖြစ်သွား ခဲ့တယ်ထင်တယ်...ရှန်မိသားစုက ဆေးလုံးကန့်သတ်လျို့ဝှက်နယ်မြေ ကိုကောင်းကင်တောင်ထွတ်ဂိုဏ်းဆီ ကုန်သွယ်ဖို့အတွက်သုံးပြီးပေးခဲ့တုန်း ကတကယ့်ဖြစ်ရပ်မှန်တစ်ခုလုံးသူ့ကို မပြောပြခဲ့မှာကိုပဲစိုးမိတယ်

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now