Chapter(243) - Even More Exposed

4.9K 998 103
                                    

Unicode

အခန်း(၂၄၃) - Even More Exposed

ထိုညက,ရန်ဖူယောက်သည် မပြည့်စုံသည့်စာလိပ်တစ်လိပ် အားကိုင်ထားကာအထီးကျန် မီးအိမ်လေးရဲ့ဘေးတွင်ထိုင်၍ စိတ်ဝင်တစားစာဖတ်နေသည်။

ညအချိန်ရဲ့ငါးပုံသုံးပုံ(23:00 – 01:00)အရောက်တွင်လေပြေ တစ်ချက်ကပြတင်းပေါက်မှတစ်ဆင့် သွဲ့သွဲ့လေးတိုက်ခတ်လာ၏။ မီးအိမ်ရဲ့အလင်းရောင်ကအကြိမ် အနည်းငယ်ကခုန်သွားပြီးတံခါးက အပြင်ဘက်မှတစ်စုံတစ်ယောက်ရဲ့ တွန်းဖွင့်ခြင်းကိုခံလိုက်ရသည်။

ရန်ဖူယောက်ကမျှော်ကြည့်လိုက် သောအခါပျင်းရိငြီးငွေ့နေသည့် ဟန်ဖြင့်သက်တောင့်သက်သာဖြစ် နေသောအမျိုးသားတစ်ယောက် အားမြင်လိုက်ရသည်။

"လင်မိသားစုရဲ့စတုတ္တအကြီးအကဲ ဖြစ်နေမယ်လို့မထင်ထားမိဘူး" ရန်ဖူယောက်ကသူ့လက်ထဲကစာလိပ် ကိုချလိုက်ပြီးအလည်ရောက်လာသူ အားကြည့်လိုက်သည်။

လင်လျိုချွန်းကတံခါးကိုပိတ်လိုက် ပြီးအထဲသို့လျှောက်မလာပဲဝင်ပေါက် မှာသာရပ်နေသည်;သူကရန်ဖူယောက် အားပြုံးစစမျက်လုံးဖြင့်သာကြည့်နေ၏။

"မင်းအခုတော့သိသွားပြီပေါ့"

"အဲ့ဒီတော့,ဦးလေးလင်ကဒီလောက် နောက်ကျနေတဲ့အချိန်ကြီးကျွန်တော့ ဆီရောက်လာတာအရေးကြီးကိစ္စများ ရှိလို့လား?"

"ရှန်မိသားစုနဲ့စာချုပ်ကိုမင်းဘယ်လို ဖြေရှင်းမယ်လို့ရည်ရွယ်ထားလဲ?"

ရန်ဖူယောက်ပြုံးသည်။

"ခင်ဗျားစိတ်ပူစရာမလိုပါဘူး, ကျွန်တော်ကိုယ့်ဘာသာဖြေရှင်းနိုင်တယ်"

လင်လျိုချွန်းကလျှောက်လာပြီး ရန်ဖူယောက်ရဲ့ဆန့်ကျင်ဘက်နေရာ တွင်သူစိတ်ကျေနပ်သလိုဝင်ထိုင်ကာ ရန်ဖူယောက်ကိုကြည့်လိုက်သည်။

"အဲ့ဒီလိုဘယ်ဖြစ်မလဲ,ငါမင်းကို သေချာဂရုစိုက်ပေးပါ့မယ်လို့မ င်းမိဘတွေကိုကတိပေးထားတဲ့ဟာ"

ရန်ဖူယောက်ကမျက်လုံးကို ကျဉ်းမြောင်းရင်းသူ့ကိုပြန်ကြည့်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now