Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ

4.8K 1K 75
                                    

အခန်း(၂၄၄) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ

လင်ရွှမ်းဇီကတစ်ခြားသူတွေနဲ့စီးပွားရေးကိစ္စဆွေးနွေးနေတဲ့အချိန်ယန်ထျန်းဟန်ကဘေးမှာထိုင်ပြီးပိုက်ဆံသိမ်းသည်။နှစ်ယောက်သားကမပင်မပန်းနဲ့အတူတူအလုပ်လုပ်ကြပြီးသူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကအလွန်ကိုချောမေ့လွန်းလို့သဘာဝကျကျပင်သူတို့ကတစ်ယောက်ကိုတစ်ယောက်နားလည်သဘောပေါက်ကြပြီးသဟဇာတဖြစ်လွန်းသည့်ပုံပေါ်သည်။သေချာပေါက်ပိုက်ဆံသိမ်းတဲ့ကိစ္စကသဟဇာတလိုအပ်တဲ့အရာတော့မဟုတ်ပေမယ့်ပေါ့

လင်ရွှမ်းဇီရဲ့စည်းမျဉ်းစည်းကမ်းကအလွန်ရိုးရှင်းသည်:ကြိုတင်ငွေအဖြစ်(၅၀%)အရင်ပေးရန်လိုအပ်ပြီးမှော်၇တနာထွင်းထုလို့ပြီးပါကဝယ်သူစစ်ဆေးနိုင်ရန်အတွက်ပေးပို့မည်ဖြစ်ကာလင်ရွှမ်းဇီကကျန်ရှိတဲ့ငွေ(၅၀%)ကိုဝယ်သူအပ်နှံပေးထားမည့်ဘဏ်မှထုတ်ယူမည်ဖြစ်သည်။

အကယ်၍ဒါကဈေးကွက်ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်းဆိုရင်တော့ဝယ်သူကကြိုတင်စရံငွေကို(10% မှ 20%) အတွင်းသာပေးချေရန်လိုအပ်တာဖြစ်သည်။လင်ရွှမ်းဇီရဲ့လိုအပ်ချက်ကအတော်လေးပိုမိုမြင့်မားသည်ဟုတော့သတ်မှတ်လို့ရသည်။

သို့သော်လင်ရွှမ်းဇီကမိသားစုတစ်ရာစုဝေးပွဲမှာအတော်လေးကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တဲ့အပြင်ယွမ်နဲ့ဂျီမိသားစုကအာမခံအနေနဲ့ရှိပေးနေတာကြောင့်ထိုလူများကသူ့ကိုယုံကြည်ချင်ကြသည်။

နောက်ဆုံးဧည့်သည်ကိုလိုက်ပို့ပေးပြီးနောက်မှာယန်ထျန်းဟန်ကသူ့လက်ထဲကရွှေစက္ကူများကိုစိုက်ကြည့်ရင်းသူ့မျက်လုံးထဲတွင်ရွှေရောင်ကြယ်များပင်မြင်လို့ရနိုင်လောက်ကာသရေတောက်တောက်ကျမတတ်ပင်။

သူကလင်ရွှမ်းဇီကိုပျော်ရွှင်စွာပြောလိုက်သည်။

"အကိုကြီး,ဒီမှာရွှေစနှစ်သိန်းတောင်!အကယ်၍နှစ်ဆဆိုရင်ရွှေစ(လေးသိန်း)ဖြစ်လိမ့်မယ်!ကျွန်တော်တို့ချမ်းသာပြီ!"

ယန်ထျန်းဟန်ဘယ်လောက်တောင်ပျော်နေလဲဆိုတာကိုလင်ရွှမ်းဇီမြင်တဲ့အချိန်မှာသူ့ကိုကြီးကြီးမားမားထိုးနှက်နိုင်မယ့်အဖြစ်မှန်အားမပြောပြရက်ဘူးဖြစ်သွားသည်။လက်မှုပညာလမ်းကြောင်းမှာရှိတဲ့တစ်စုံတစ်ယောက်အတွက်ရွှေစလေးသိန်းဆိုတာထိပ်တန်းအဆင့်မှော်ရတနာအနည်းငယ်လောက်ကိုထွင်းထုပြီးနောက်မှာလွှင့်ပစ်လိုက်ရမှာဖြစ်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now