Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်

4.7K 951 113
                                    

Unicode

အခန်း(၂၄၆) - ကလေးတွေကိုလမ်းလွဲအောင် ဦးဆောင်ပြနေတယ်

"လာစမ်းပါကွာ!ကိုယ့်မိသားစုရှေ့မှာ တော့ယဉ်ကျေးနေစရာမလိုပါဘူး" ပဉ္စမအကြီးအကဲကပျော်ရွှင်စွာ ရယ်မောလိုက်ပြီးလင်ရွှမ်းဇီပုခုံးကို ပုတ်လိုက်သည်။ရုတ်တရက်လင်ရွှမ်းဇီ ကိုယ်ထဲမှာစီးဆင်းနေသည့်ချီစွမ်းအင်အားရုတ်တရတ်ခံစားလိုက်ရတာကြောင့်ထိတ်လန့်သွားမိ၏။သူကလင်ရွှမ်းဇီအားလောင်ကျွမ်းပြီးပြင်းထန်လှသည့်မျက်လုံးဖြင့်စိုက်ကြည့်ကာအံ့အားသင့်နေသည့်အသံဖြင့်ပြောလာသည်။

"ရွှမ်းဇီ,မင်းရဲ့ဒန်တျန်ချီပင်လယ်ကပုံမှန်ပြန်ဖြစ်သွားပြီလား?"

လင်ရွှမ်းဇီသူ့ရဲ့ဒန်တျန်ချီပင်လယ်ကိုပြန်လည်တည်ထောင်နိုင်ခဲ့ခြင်းအားသိသည့်သူသိပ်မရှိပေ။လင်လျိုချွန်းသည်လည်းအဲ့ဒီလိုကိစ္စမျိုးကိုဂရုစိုက်ရမည်အားအလွန်ပျင်းရိတာကြောင့်သူ့မိသားစုကိုကြိုတင်သတင်းမပို့ထားဘူးဖြစ်သည်။ထို့ကြောင့်ပဉ္စမအကြီးအကဲကလင်ရွှမ်းဇီကိုယ်ထဲမှာဖြေးဖြေးနှင့်မှန်မှန်စီးဆင်းနေသည့်ချီစွမ်းအင်ကိုရှာဖွေတွေ့ရှိသွားသည့်အခါမှာထိတ်လန့်သွားမိတာပင်။အကယ်၍သူသာအားကောင်းတဲ့လေပြင်းနဲ့လှိုင်းလုံးတွေဖြစ်ပေါ်လာမည်ကိုဂရုမစိုက်ဘူးဆိုရင်သူ့ရဲ့ဂုဏ်သိက္ခာကိုထည့်မတွက်ပဲပျော်ရွှင်စွာထခုန်မိလောက်သည်။

လင်ရွှမ်းဇီကပြုံးလိုက်၏။

"ပဉ္စမအကြီးအကဲပို့သတဲ့မေတ္တာကြောင့်ကျွန်တော်ဆေးလုံးကန့်သတ်လျို့ဝှက်နယ်မြေထဲမှာအာကာသအဆင့်ဆေးလုံးရှာတွေ့ခဲ့ပြီးကျွန်တော့ရဲ့ဒန်တျန်ကိုပြန်တည်ထောင်နိုင်ခဲ့တာပါ"

"ဒါကမှတကယ့်ကိုဂုဏ်ပြုစရာအကြီးကြီးပဲ!"

ပဉ္စမအကြီးအကဲသည်အလွန်ကိုစိတ်သက်သာရာရသွားတာကြောင့်စိတ်လှုပ်ရှားစွာဖြင့်ခက်ခက်ခဲခဲပြောလိုက်ရသည်။နောက်ဆုံးတော့'ကောင်းတယ်'ဆိုသည့်စကားအားသုံးကြိမ်မျှပြောပြီးသူ့မျက်လုံးများစိုစွတ်လာရ၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now