Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု

4.4K 914 62
                                    

Unicode

အခန်း(၂၅၇) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု

လင်ရွှမ်းဇီကသွမ့်ယွီယန်အားအိမ်သို့ခေါ်လာခြင်းကိုသဘာဝကျကျပင်ပဉ္စမအကြီးအကဲအားဖုန်းကွယ်ထားခြင်းမရှိပေ။ထိုရက်အတောအတွင်းမှာပဉ္စမအကြီးအကဲသည်လည်းအပြင်ဘက်မှာဖြစ်နေတဲ့ကောလဟာလများကိုကြားတာကြောင့်လင်ရွှမ်းဇီအားအထူးတလှယ်ခေါ်ပြီးထိုကိစ္စအားရှင်းပြခိုင်းသေးသည်။

ယွမ်မိသားစုရဲ့လက်ရှိအဆင့်အတန်းကိုသုံးသပ်ရသလောက်တော့ပဉ္စမအကြီးအကဲအနေနဲ့သူတို့ဘာကြောင့်လာလဲဆိုတာမသိပဲဘယ်နေပါ့မလဲ?

လင်ရန်ရုရဲ့မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားသည်။

"ကြားတာတော့ယွမ်သခင်လေးမှာလည်းချစ်ရသူရှိနေပြီဆို"

"ဟုတ်ပါတယ်"
ယွမ်ကျုံကလက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးနောက်သူ့လျှာကိုဖိရင်းပြန်ဖြေသည်။

"ပြီးတော့သူကစွန့်ပစ်ခံလိုက်ရတယ်လေ...ပြောရရင်တော့အခုချိန်ထိသူ့ဇနီးကိုလိုက်ဖမ်းနိုင်ခြင်းမရှိသေးဘူး"

ယွမ်ကျုံရဲ့မျက်နှာကအထင်အမြင်သေးမှုများပြည့်နှက်နေပြီးယွမ်ထျန်းဝမ်အားဘေးတစ်စောင်းမှငဲ့ကြည့်လိုက်သည်။

"ကျုပ်တို့ယွမ်မိသားစုဆီမှာဒီလိုမျိုးကိုယ့်မိန်းမတောင်ကိုယ်အောင်အောင်မြင်မြင်မလိုက်နိုင်တဲ့ခွေးကောင်လေးမျိုးထွက်လာတာကနှစ်ပေါင်းများစွာမှာပထမဆုံးပဲ...သူကတကယ်ကိုကျုပ်တို့ရဲ့ဘိုးဘေးရှစ်ဆက်လောက်ကိုမျက်နှာပျက်စေတယ်,ကျုပ်တကယ်ပဲမြင်ချင်တယ်ဒီယုန်ပေါက်ကယွမ်မိသားစုရဲ့ဘိုးဘေးတွေကိုဘယ်လိုများမျက်နှာပြမလဲလို့!"

"အဖေ!ပြောနေတာတွေရပ်လို့ရမလား?" ယွမ်ထျန်းဝမ်ကမေးလိုက်ပြီးကူကယ်ရာမဲ့နေတဲ့ဟန်နဲ့မျက်လုံးများလှည့်မိတော့သည်။သူ့အဖေကအပြင်လူတွေရှေ့မှာသူ့မျက်နှာကိုဖြိုဖျက်လိုက်ခြင်းအားအတော်လေးမကျေမနပ်ဖြစ်နေမိ၏။

ယွမ်ကျုံကသူ့နှုတ်ခမ်းထောင့်စွန်းကိုမြှင့်လိုက်ပြီးသူ့သားအတွက်မျက်နှာဆယ်ပေးချင်သည့်ရည်ရွယ်ချက်မရှိပုံပင်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now