Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု

3.7K 888 53
                                    

Unicode

အခန်း(၂၈၄) - အားကောင်းတဲ့ကျင့်ကြံမှု

ယန်ထျန်းဟန်ကမဟာအကြီးအကဲဟွိုင်ယွီရဲ့လက်ကိုအဝေးသို့ရိုက်ထုတ်လိုက်ပြီးဒီလူကလေးလေးနက်နက်မရှိဘူးဟုခံစားလိုက်ရသည်။

"ကျွန်တော်ကမြေကြီးပေါ်ရောက်နေတဲ့ဆရာ့ဆံပင်တွေကိုထုံးပေးချင်ယုံပဲ...အဲ့ဒါကညစ်ပတ်တယ်လို့မထင်ဘူးလား?"

မဟာအကြီးအကဲဟွိုင်ယွီကတော့သိပ်မတွေးဘူး

"အကယ်၍ညစ်ပတ်တယ်ဆိုတော့လည်းညစ်ပတ်တယ်ပေါ့ကွာ,ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒါကခန္တာကိုယ်သန့်ရှင်းတဲ့နည်းလမ်းပဲဟာ...အရမ်းကိုအဆင်ပြေတယ်"

ယန်ထျန်းဟန်ကသံသယဖြင့်မေးသည်။

"ဆရာ,ကိုယ့်ဆံပင်ကိုယ်ဘယ်လိုစည်းရမလဲဆိုတာမသိဘူးမှတ်လား?"

မဟာအကြီးအကဲဟွိုင်ယွီကသူ့ကိုတစ်ချက်ကြည့်သည်။

"မင်းရဲ့ဆရာကတန်ခိုးသြဇာကြီးမားပြီးဘယ်အရာမဆိုလုပ်နိုင်တယ်,ငါကဒီအတိုင်းလှုပ်ရမှာကိုအရမ်းပျင်းနေတာတစ်ခုပဲ"

"...."

ယန်ထျန်းဟန်မှာဆက်ပြီးမမြင်ရက်တော့ပေ။ရှည်လျားတဲ့ဆံနွယ်နက်များကရွှံတွေပေကျံနေတာကိုမြင်ရတာအရမ်းသနားစရာကောင်းတယ်လို့တွေးမိသည်။

"ဆရာ့ဆံပင်ကိုကိုယ့်ဘာသာကိုမလုပ်ချင်ဘူးဆိုရင်ကျွန်တော့်ကိုလုပ်ခွင့်ပေး"

တစ်စုံတစ်ယောက်ကသူ့ကိုဝန်ဆောင်မှုပေးဖို့ကမ်းလှမ်းလာတယ်ဆိုမှာတော့ဟွိုင်ယီကလည်းကိစ္စမရှိဘူးလေ။သူကအတော်လေးပင်ပျော်ရွှင်နေသေးသည်။

"ကောင်းပြီလေ,ဒါပေမဲ့ငါ့ကိုရုပ်ဆိုးဆိုးဆံပင်ပုံစံလုပ်ပေးရဲရင်တော့ငါမင်းကိုရိုက်မှာနော်"

ယန်ထျန်းဟန်ကအပြုံးလေးနဲ့ထရပ်လိုက်ပြီးမဟာအကြီးအကဲဟွိုင်ယွီနောက်မှာရပ်လိုက်ကာသူ့ဆံပင်ရှည်ကြီးများကိုလက်နဲ့ကိုင်လိုက်သည်။

"စိတ်မပူပါနဲ့,ဆရာ,ကျွန်တော့လက်ရာကအရမ်းကိုထူးချွန်ပါတယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now