Chapter(293) - အားကုရဲ့ ငိုကြွေးမှု

4K 880 125
                                    

Unicode

Chapter(293) - အားကုရဲ့ ငိုကြွေးမှု

Flowing Moon စံအိမ် အပြင်ကိုရောက်တော့ ယန်ထျန်းဟန်က လင်ရွှမ်းဇီ၏ လက်အား ဆုပ်ကိုင်ကာ မေးလိုက်သည်။

"အကိုကြီး, ကျွန်တော်တို့အခု ဘာဆက်လုပ်ကြမှာလဲ?"

"ငါတို့ အားကုကို မတွေ့တာ တော်တော်လေး ကြာသွားပြီ မှတ်လား?"

ယန်ထျန်းဟန်က ခေါင်းညိတ်ပြသည်။

"သူက အခုဘယ်မှာလဲ?"

"ငါချင်းကူကို ပြောပြီး သူ့ကို တောင်ကတုံးတစ်ခုနားက အိမ်တော်မှာ နေရာချခိုင်းထားတယ်"

ယန်ထျန်းဟန်က စိတ်အားထက်သန်စွာ ပြောလေသည်။

"အကိုကြီး, အားကုကို သွားတွေ့ကြရအောင်"

နက်ရှိုင်းမြို့ကို လင်မိသားစု ရောက်ကတည်းက လင်ရွှမ်းဇီသည် ချင်းကျူအားမှာပြီး လင်းချီကုအတွက် ပုန်းအောင်းနေထိုင်ဖို့ သင်တော်သော နေရာကို ရှာခိုင်းခဲ့သည်။ ချင်းကူက အလွန်စိတ်ချရပြီး မကြာခင်မှာပင် တောင်ကတုံးတစ်ခုနားမှာ အိမ်ရှာတွေ့ခဲ့သည်လေ။ ထိုနေရာက လူအများအပြား သေဆုံးဘူးတာကြောင့် ယင်ချီတွေ များပြားနေပြီး ကျင့်ကြံသူများအနေနဲ့ ထိုနေရာမှာ အကြာကြီးနေထိုင်နိုင်ဖို့ကို အလွန်ပင် အုံ့မှိုင်းလွန်းတယ်ဟု ကြားဘူးထားသည်။

အိမ်ရဲ့မူလပိုင်ရှင်ကလည်းထို 'သရဲခြောက်တဲ့အိမ်' ကိုဆက်ပြီး မလိုချင်တော့တာကြောင့် ချင်းကျူအား အတော်လေး နိမ့်ကျတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးခဲ့သည်။

ချင်းကျူကတော့ ဈေးဆစ်လို့ရသွားတာကြောင့် အတော်လေးပျော်ရွှင်နေသည်။ သူက လင်းချီကုကိုလည်း မကြောက်ရွံ့ပေ။ အကြောင်းကတော့ ထိုနေရာက အဝင်အထွက်လည်း အဆင်ပြေပြီး သူက လင်းချီကုနဲ့အတူ သုံးဘက်ဝင် သုံးဘက်ထွက် အိမ်တော်မှာ နေထိုင်ရခြင်းကြောင့်ပင်။

(T/N - သုံးဘက်ဝင် သုံးဘက်ထွက် အိမ်တော် = တံခါးသုံးပေါက်ပါဝင်တဲ့ အိမ်ရာဖွဲ့စည်းပုံမျိုး ဖြစ်ပြီး တစ်ဘက်စီမှာ ဥယျာဉ်နှင့်ခြံဝင်း အသီးသီးပါရှိသည်။)

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now