Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》

3K 700 39
                                    

Unicode

အခန်း(၃၁၄) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》

"မင်းမှာ မင်းရဲ့ ပန်းတိုင်ရှိတယ် ပြီးတော့ ငါကလည်း မင်းရဲ့ အချိန်တွေကို တစ်ခြားအရာတွေနဲ့ မဖြုန်းတီးမိဖို့အတွက် တားဆီးပိတ်ပင်မှုတွေ လုပ်မှာမဟုတ်ဘူး, တစ်ခုပဲ, မင်းအနေနဲ့ ဒါကိုကောင်းကောင်း မျှတအောင် ထိန်းသိမ်းထားပြီး မင်းရဲ့ကျင့်ကြံရေးကို မနှောင့်နှေးစေရအောင် လုပ်ရမယ်" မဟာအကြီးအကဲလန်ယွဲ့က အကြံပေးသည်။

လင်ရွှမ်းဇီသည် မဟာအကြီးအကဲလန်ယွဲ့က သူ့စီမံခန့်ခွဲနေသည့် ပိုင်ဆိုင်မှုများနဲ့ ပတ်သတ်သော အရာကို ရည်ညွှန်းနေမှန်း သိတာကြောင့် ခေါင်းညိတ်ပြလိုက်သည်။

ဒီအတောအတွင်းမှာ သူတကယ်ပဲ သူ့ကျင့်ကြံရေးများကို လစ်လျူရှုထားခဲ့မိသည်။ အမတဖြစ်စေရန် ကျင့်ကြံကြတဲ့ လူအများစုက စီးပွားရေးသမားများအပေါ် အထင်သေးရသည့် အကြောင်းအရင်းများသည် သူတို့က အများသူရှေ့တွင် မကြာခဏ ထွက်ပေါ်လာတတ်ပြီး တစ်ခြားသူများနဲ့ စကားများကြသောကြောင့်ဖြစ်သည်။ ဒါ့အပြင် အလုပ်များလှတဲ့ စိတ်အခြေအနေကြောင့် ကောင်းကောင်းမွန်မွန် ကျင့်ကြံနိုင်ကြခြင်း မရှိတော့ပဲ ရလဒ်ကတော့ သူတို့ရဲ့ ကျင်ကြံဆင့်များအား နိမ့်ကျလာစေသည်။

လင်ရွှမ်းဇီသည်လည်း စီးပွားရေးလုပ်ရတာက အချိန်အများကြီး ယူရတယ်ဆိုတာအား ကိုယ်တိုင်ကိုယ်ကျ ခံစားရနိုင်သည်။

သို့သော်လည်း အချိန်အတော်ကြာပြီးနောက် အရာအားလုံးလမ်းကြောင်းမှန်ပေါ်ရောက်ပြီး ဖုန်မှုန့်များပြေပျောက်သွားသောအခါ လင်ရွှမ်းဇီသည် သူ၏စိုက်ပျိုးမှုအပေါ် စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားခဲ့သည်။

"မင်းအခု ကျင့်ကြံနေတဲ့ ဓားသိုင်းကဘာလဲ?" မဟာအကြီးအကဲ လန်ယွဲ့က မေးလာသည်။

လင်ရွှမ်းဇီက ပြန်ဖြေ၏။

"《မိတ်ဆက်ပုံစံတစ်ရာ့ရှစ်ကွက်》ကလွဲရင် တစ်ခြားဓားသိုင်း တစ်စုံလည်း ရှိနေပါသေးတယ်, အဲ့ဒါက ဒီအတိုင်း ကျွန်တော်က အဲ့ဒီထဲက အများဆုံး သုံးကွက်ပဲ ကျင့်ကြံနိုင်သေးတယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now