Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို

2.8K 738 33
                                    

Unicode

အခန်း(၃၁၉) - ရတနာကိရိယာဆေးလုံးမီးဖို

ကျန်းယွင်ရှီက ခေါင်းခါပြသည်။

"ယန်ထျန်းဟန်ဆီမှာ မှော်ရတနာတွေ အများကြီးရှိတယ်, ငါသူ့ရဲ့ တကယ့်အရှိန်အဝါအစစ်အမှန်နဲ့ ကျင့်ကြံဆင့်ကိုတောင် မမြင်နိုင်ဘူး, တစ်ခြားဘာများ မြင်နိုင်ဦးမှာလဲ?"

လျှိုကျောက်ယွဲ့သည်လည်း တူညီစွာ ခံစားရတာကြောင့် ခေါင်းညိတ်သည်။

"ငါတစ်ယောက်တည်း အဲ့ဒီလိုတွေးတယ် ထင်နေတာ"

ကျန်းယွင်ရှီနဲ့ လျှိုကျောက်ယွဲ့တို့က အချင်းချင်း အကြည့်ခြင်း ဖလှယ်မိကြပြီး သူတို့ရဲ့ ခံစားချက်များကို တိတ်တဆိတ် နားလည်သဘောပေါက်သွားကြသည်။

"ဒါပေမဲ့ လင်ရွှမ်းဇီက သူ့ရဲ့အဲ့ဒီညီလေးကို အရမ်းစိတ်ပူပန်တယ် ဆိုတာကိုတော့ ငါမြင်နိုင်တယ်" ကျန်းယွင်ရှီက ထပ်ပေါင်းပြောသည်။

လျှိုကျောက်ယွဲ့ကလည်း တူညီတဲ့ ခံစားချက်ဖြင့် ခေါင်းညိတ်ပြန်သည်။

ယန်ထျန်းဟန်ရဲ့ ကိုယ်ပေါ်က မှော်ရတနာ အရေအတွက်က ရိုးရိုးရှင်းရှင်းကို ကြောက်မက်ဖွယ်ရာပဲလို့ ဖော်ပြလို့ရတယ်

လျှိုကျောက်ယွဲ့က အသက်ကိုပြင်းပြင်းရှုလိုက်ပြီး ကျန်းယွင်ရှီအား လှမ်းကြည့်လိုက်သည်။ သူက ရုတ်တရက် သူ့နှုတ်ခမ်းများအား ကွေးညွှတ်တက်လိုက်၏။

"ကျန်းယွင်ရှီ, ငါထင်တာတော့ ဒီဂိုဏ်းထဲမှာ ငါနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့သူ အများကြီးမရှိဘူး, မင်းကလည်း သူတို့ထဲကတစ်ယောက်ပဲ, မင်းအနေနဲ့ ဒီရက်တွေအတွင်း ဂိုဏ်းထဲမှာနေတုန်း ဂုဏ်သရေရှိတဲ့ငါနဲ့ ဓားရေးလေ့ကျင့်လို့ရတယ်"

ကျန်းယွင်ရှီက မျက်နှာသေဖြင့်ပြောသည်။

"မင်း, ငါ့ကိုတောင်းပန်လေ"

လျှိုကျောက်ယွဲ့, "....."

"မင်းဦးလေးကိုပဲ တောင်းပန်ပါလား!"

"လာလေ,တိုက်!"

"တိုက် တိုက် တိုက် တိုက်!"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now