Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း

2.9K 711 31
                                    

Unicode

အခန်း(၃၂၅) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း

သွမ့်ယွီယန်က သူ့မျက်လုံးကို မြှင့်လိုက်ပြီး ယွမ်ထျန်းဝမ်အား ပြုံးကြည့်လိုက်သည်။

"အမှန်ပဲ, လောင်ဇီက အခု သွမ့်မိသားစုရဲ့ ခေါင်းဆောင်ပဲ, ကျွန်တော့မျိုးဆက်သစ်က ဘယ်သူကမှ ကျွန်တော့လောက် မတော်မှာပဲ စိုးမိတယ်, ဟုတ်တယ်နော်?"

အခုချိန်မှာ လင်ရွှမ်းဇီနဲ့ ယွမ်ထျန်းဝမ်လိုမျိုး သူနဲ့မျိုးဆက်တူတဲ့ သူတွေက အများဆုံးမှ သခင်လေးတွေပဲရှိသေးတာလေ, သူတို့အထက်မှာ မိသားစုခေါင်းဆောင်တွေ အကြီးအကဲ တွေရှိသေးတယ်, အခုတော့သူက ပထမအဆင့် မိသားစုတစ်ခုရဲ့ ခေါင်းဆောင်သခင်ကြီး ဆိုတဲ့ ဂုဏ်ထူးကို ကိုင်ဆောင်ထားနိုင်နေပြီ, အကယ်၍ အဲ့ဒီစကားလုံးသာ အပြင်မှာ ပျံ့သွားရင် သူ့ကို လေးစားအားကျတဲ့လူတွေ ဘယ်လောက်တောင်များမလဲ ဘယ်သူသိမှာလဲ

"တိမ်တိုင်းမှာ ငွေရောင်အလွာတွေရှိတယ်" ဆိုတာက ဒါပဲလေ

ယန်ထျန်းဟန်ရဲ့ မျက်လုံးက တောက်ပနေသည်။

"ဂုဏ်ယူပါတယ် ကိုကိုယွီယန်! အခုတော့ အကိုက သွမ့်မိသားစုကို အုပ်စိုးနိုင်သွားပြီပေါ့, ထပ်ပြီး အနိုင်ကျင့်ခံရမှာ မဟုတ်တော့ဘူး!"

"သေချာတာပေါ့" ယွမ်ထျန်းဝမ်က ယုံကြည်မှု လွန်ကဲစွာဖြင့် ပြောလာသည်။

"ကိုယ်တို့ယွမ်မိသားစုရဲ့ ဇနီးလေးက တစ်ခြားသူတွေ အနိုင်ကျင့်ခံရမယ့် ဖြစ်နိုင်ခြေမျိုး ဘယ်တော့မှ မဖြစ်စေရဘူး, သွမ့်မိသားစုတစ်ခုလုံးက ကိုယ့်အဖေနှစ်ယောက်ရဲ့ ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်တစ်ခု သက်သက်ပဲ, အနာဂတ်မှာဆိုရင် ယွမ်မိသားစုရဲ့ အရာအားလုံးက မင်းဟာပဲ"

သွမ့်ယွီယန်မှာတော့ ပါးစပ်အပြည့် ချိုမြိန်မှုများ သွပ်သွင်းခံလိုက်ရတာကြောင့် နင်လုနီးပါး ဖြစ်သွားရသည်။ သူက ယွမ်ထျန်းဝမ်အား တွန်းလိုက်ပြီ တမင်သက်သက် မျက်နှာတည်တည် ထားလိုက်သည်။

"သွားစမ်း, သွားစမ်း, ဘယ်လိုပေါက်ကရ စကားတွေ လာပြောနေတာလဲ?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now