Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ

2.8K 657 22
                                    

Unicode

အခန်း(၃၃၆) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ

ဟုတ်ပါတယ်၊ ကောလဟာလတွေကို တိကျစေဖို့အတွက် စုံစမ်းစစ်ဆေးဖို့ လိုအပ်ပေမယ့် ကျန်း  နဲ လျှို နှစ်ယောက်လုံး နစ်မြှုပ်ဓားတောင်ထွတ်ဆီမှာရှိနေတာက အခုအချိန်မှာ ငြင်းလို့မရနိုင်တဲ့ အမှန်တရားတစ်ခုပဲ။

ဒါက ကျိုးပျက်ဓားတောင်ထွတ်ကို မျက်နှာပျက်စေတယ် ဆိုတာကတော့ သံသယဝင်စရာတောင် မလိုပေ။ တာအိုအရှင် ရီသောက်က အလွန်မကျေမနပ် ဖြစ်နေတာကြောင့် သူ့ဒေါသများအား တုချီယင်းကို ဆူပူရင်းဖြင့်ပင် ပုံချတတ်သည်။ သူက တုချီယင်းအား လင်ရွှမ်းဇီနဲ့ နှိုင်းယှဉ်ပြီး ဟိုးတုန်းက လင်ရွှမ်းဇီကို မပြစ်မှားခဲ့သင့်ကြောင်း ဝမ်းနည်းစွာ သက်ပြင်းချနေသည်။ ဒါက တုချီယင်းအား လင်ရွှမ်းဇီအပေါ် ပိုလို့ပင် ဒေါသထွက်စေ၏။ တုချီယင်းအနေနဲ့ ပိုပြီးစဉ်းစားလေလေ လင်ရွှမ်းဇီက လျှပ်စီးမိုးကြိုး ဒုက္ခကို တမင်သက်သက် ဆွဲဆောင်ဖို့ တစ်ခုခုလုပ်လိုက်တယ်လို့ ခံစားလာရလေလေပင်။ သူက မနေနိုင်စွာဖြင့်ပင် သံသယဖြင့် မေးမိသည်။

"ဒါပေမဲ့ လျှပ်စီးမိုးကြိုးက အတုအယောင် လုပ်လို့ရလို့လာ?"

ထုန်လဲ့က ယုံကြည်မှုအပြည့်ဖြင့် ရှင်းပြသည်။

"လျှပ်စီးကို ဆွဲဆောင်နိုင်မယ့် မှော်ကိရိယာ ရှိနေသ၍ ဖြစ်ရပ်ဆန်းတွေ အားလုံးက အတုအယောင် လုပ်လို့ရတယ်, အဲဒါက သိပ်မခက်ခဲဘူး, အဲ့ဒါက ဒီအတိုင်း အဲ့ဒီလို မှော်ကိရိယာမျိုးက ရှာတွေ့ဖို့ အရမ်းခက်ခဲပြီး ကျွန်တော်လည်း တစ်ခါမှ မမြင်ဖူးဘူး, ဒါပေမဲ့ နစ်မြှုပ်ဓားတောင်ထွတ်ရဲ့ မဟာအကြီးအကဲ လန်ယွဲ့က ပဟေဋ္ဌိတွေ ဖုန်းလွှမ်းနေတဲ့လူ ဆိုတော့ သူ့လက်ထဲမှာ ဒီလိုမျိုး မှော်ကိရိယာရှိနေတာကို ကျွန်တော်မအံသြမိဘူး"

တုချီယင်းက ဆွဲဆောင်ခံလိုက်ရလေသည်။ လင်ရွှမ်းဇီတောင် ဒီလိုမျိုး နက္ခတ္တဗေဒဆိုင်ရာ ဖြစ်စဉ်ကို အတုခိုးနိုင်ရင် သူလည်း လုပ်နိုင်တယ်

တုချီယင်းရဲ့ လွန်ကဲလှသော သူ့ကိုယ်သူ ဂုဏ်ယူမှုက အသက်ဝင်လာကာ လင်ရွှမ်းဇီနဲ့ အရာအားလုံးကို ယှဉ်ပြိုင် အနိုင်ရချင်နေသည်။ အခုဆို နက်ရှိုင်းကောင်းကင်ဂိုဏ်း တစ်ခုလုံးမှာ လင်ရွှမ်းဇီရဲ့ ဂုဏ်သတင်းက ဒီရေလှိုင်းလို တက်လာနေသည်။ ဒါကိုမြင်တဲ့အခါတိုင်း တုချီယင်းက မနာလိုအားကျနေမိတာပင်။ အကယ်၍သာ ဒီလိုမျိုး ကောင်းကင်နဲ့ မြေကြီးကို ကွဲလွဲစေတဲ့အရာ ဖန်တီးနိုင်ရင်.....

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now