Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်

2.9K 675 19
                                    

Unicode

အခန်း(၃၃၇) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်

ယန်ထျန်းဟန်ရဲ့ မျက်နှာသေးသေးလေးက ယခင်ထက် ပိုပြီးပိန်ပါးသွားတာကို ကြည့်ရင်း မဟာအကြီးအကဲ ဟွိုင်ယွီသည် မနေနိုင်စွာဖြင့်ပင် အနည်းငယ် စိတ်ဓာတ်ကျသလို ဒေါသလည်း ထွက်သွားမိသည်။

"ထွက်လာလာခြင်းပဲ မင်းရဲ့ အတွေးက မင်းအကိုကြီးကို ရှာဖို့ဆိုပေမယ့် မင်းအကိုကြီးကတော့ မင်းလောက် ဂရုမစိုက်ဘူးကွ! သူဒီကို တစ်ခေါက် ရောက်လာပေမယ့် မင်းကျင့်ကြံနေပြီး လုံးဝ ထွက်မလာတာကိုလည်း မြင်ရော စောင့်ရတာ စိတ်မရှည်ဖြစ်ပြီး ထွက်သွားတယ်, သူက မင်းလိုမျိုး တစ်လလုံးလုံး စောင့်နေရလောက်တဲ့အထိ စိတ်အားထက်သန်မှု မရှိဘူး! "

ယန်ထျန်းဟန်သည် လင်ရွှမ်းဇီကို မတွေ့ရတာ ကြာပြီဖြစ်တာကြောင့် သူတံခါးပိတ်တရားကျင့်ရာကနေ ထွက်လာလာခြင်း လင်ရွှမ်းဇီကို မမြင်ရတဲ့အတွက် အနည်းငယ် ဝမ်းနည်းမိသော်လည်း မဟာအကြီးအကဲ ဟွိုင်ယွီရဲ့ စကားများအား ဂရုစိုက်ခြင်း မရှိမြဲ မရှိဆဲပင်။

"အကိုကြီးက တစ်ခုခု လုပ်စရာရှိနေလို့ ဖြစ်မယ်, သူသေချာပေါက် စောင့်ရတာ စိတ်မရှည်လို့ မဟုတ်ဘူး, ပြီးတော့ ကျွန်တော်လည်း အန္တာရယ် ရှိနေတာမှ မဟုတ်တာ တစ်ချိန်လုံး အပြင်မှာ စောင့်နေစရာ မလိုဘူးလေ"

မဟာအကြီးအကဲ ဟွိုင်ယွီမှာ မျက်လုံးလှည့်မိခြင်းအား မထိန်းနိုင်တော့။

"မင်းကနေရာတိုင်း သူ့ကိုပဲ ကာကွယ်ပေးနေတာပဲ"

ယန်ထျန်းဟန်က ပြုံးသည်။

"ကျွန်တော်က အမှန်တရားကို ပြောနေတာပါ ပြီးတော့လဲ ကျွန်တော့ရဲ့ အကိုကြီးကို ကာကွယ်မပေးသင့်ဘူးလား?!"

မဟာအကြီးအကဲ ဟွိုင်ယွီ, "..."

မဟာအကြီးအကဲ ဟွိုင်ယွီက အဲ့ဒီကောင်စုတ်လေး လင်ရွှမ်းဇီအကြောင်းကို သူနဲ့ဆက်ပြီး မဆွေးနွေးချင်တော့တာကြောင့် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

"နှစ်လတာ တံခါးပိတ် တရားကျင့်ပြီးနောက်မှာ ဘယ်လိုခံစားရလဲ?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now