Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း

2.8K 623 13
                                    

Unicode

အခန်း(၃၄၁) - လူသတ်သမားများ ငှားယမ်းခြင်း

ထိုဈေးနှုန်းတိုက်ပွဲက တစ်လခွဲမျှ ကြာမြင့်လာသည်။ ရုတ်တရက် ရှစ်ယုန့်ထိုင် သတိပြုမိလာသည်မှာ ယုန့်ထိုင်စံအိမ်က ငွေကြေးမြောက်မြားစွာ ဆုံးရှုံးသွားတဲ့အပြင် ဝိညာဉ်ဆေးပင်များပါ ပစ္စည်းပျက်လုနီးပါး ဖြစ်နေပြီ ဆိုတာကိုပင်။

သို့ပေမယ့်, အရမ်းနောက်ကျသွားခဲ့ပြီ။

ယင်ယန်စတူဒီယိုက ပထမလဝက်ကို အဖွင့်ဈေးလျော့ခြင်း ပြုလုပ်ပြီးနောက် ဝိညာဉ်ဆေးပင်များရဲ့ ဈေးနှုန်းက ပုံမှန်ပြန်ဖြစ်သွားသည်။ ရှစ်ယုန့်ထိုင်အနေနဲ့ သူတို့တွေ ဝိညာဉ်ပင်ဒီလောက်အများကြီး ဘယ်ကရလာလဲ မသိပေမယ့်လည်း သူတို့မှာ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ လုံလောက်တဲ့ ထောက်ပံ့မှုတွေ ရှိနေသေးသည်။ သို့ပေမယ့် ယုန့်ထိုင်စံအိမ်ရဲ့ အခြေအနေကတော့ အနည်းငယ် ဆိုးဝါးနေခဲ့သည်။ အကြွေးအများကြီး တင်သွားယုံတင်မကပဲ ရှစ်ယုန့်ထိုင်က ကုန်သည်ကြီးများအသင်းက အကြီးအကဲတွေကိုပါ 'ရှိနေဖို့' ဖိတ်ကြားခဲ့တာ။

အကြောင်းအရင်းကတော့ အရမ်းရိုးရှင်းပါတယ်။ လင်ရွှမ်းဇီရဲ့ ဈေးဆိုင်က မကြာသေးမှီကသာ ဖွင့်တာဖြစ်တဲ့အတွက် ဝယ်သူတွေကို ဆွဲဆောင်နိုင်ဖို့ သူတို့ဈေးနှုန်းကို လျော့ချပေးလိုက်တာ အဆင်ပြေသည်လေ။ ဒါပေမဲ့ ရှစ်ယုန့်ထိုင်က ဒီကိစ္စမှာ ဘာလို့ဝင်စွက်ဖက်ရတာလဲ?

သူဒီလိုလုပ်တာက နက်ရှိုင်းမြို့က ဝိညာဉ်ဆေးပင်တွေရဲ့ သာမာန်ဈေးနှုန်းအစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေတာ မဟုတ်ဘူးလား? ရှစ်ယုန့်ထိုင်သည်လည်း အကြောင်းရင်းကို သိပေမယ့် ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်တော့ပဲ လင်ရွှမ်းဇီက သူနဲ့တူညီတဲ့ ဝိညာဉ်ဆေးပင်တွေ ရောင်းချနေတာက သူ့ကို သိသိသာသာ တိုက်ခိုက်နေတာပဲ ဟုသာ ပြောနိုင်တော့သည်။

သို့သော်လည်း လင်ရွှမ်းဇီရဲ့ မှော်ရတနာတစ်ချို့နဲ့ လဘ်ထိုးခံထားရပြီး ဆုမိုနဲ့ယွမ်မိသားစုရဲ့ ကြိုတင်နှုတ်ဆတ်ခြင်းကို ခံထားရတဲ့ ကုန်သည်ကြီးများအသင်းက အကြီးအကဲတွေအနေနဲ့ ဘယ်လိုများ ရှစ်ယုန့်ထိုင်ဘက်က ရပ်တည်ပြောပေးမှာလဲ?

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now