Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။

2.5K 609 8
                                    

Unicode

အခန်း(၃၅၇) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။

ကျိူးပျက်ဓားတောင်ထွတ်က ယနေ့မှာ အတော်လေး သက်ဝင်လှုပ်ရှားနေသည်။

ဟဲချိုက်လင်းက သူမကိုယ်သူမ နစ်နာဆုံးရှုံးစေမှာ မဟုတ်သည့် ဒေါသကြီးသော သူမျိုးဖြစ်သည်။ သူမက ဒီလိုညစ်ပတ်တဲ့ ကိစ္စများကိုလည်း လူတိုင်းအား ထုတ်ဖော်ပြနိုင်သူပင်။ တကယ်တော့ တောင်ထိပ်ပေါ်မှာ ဒီလိုမျိုး လက်ဆုပ်လက်ကိုင်နဲ့ ဖမ်းတဲ့ အချိန်တွင် သူမနဲ့အတူ လူများစွာပင် ခေါ်ဆောင်လာခဲ့သည်လေ။ ထို့ကြောင့်လည်း ဖုန်းကွယ်မရသည့် အရာများ ပေါက်ကြားသွားရခြင်းသာ။

တောင်ပေါ်မှ တပည့်အများစုက လင်ယွီရိုနှင့် တုချီယင်းတို့ကို အိပ်ယာပေါ်မှာ ဖမ်းမိသည့် အကြောင်းများကိုသာ ပြောဆိုနေကြလေရဲ့–

"အဲ့ဒီ လင်ယွီရိုက ဂိုဏ်းထဲ ဝင်လာပြီးသိပ်မကြာခင်မှာပဲ အပြင်စည်း တပည့်အဖြစ်ကနေ အတွင်းစည်းတပည့်အဖြစ် ပြောင်းသွားတာလေ, အဲ့ဒီအချိန်တုန်းကတော့ ထူးဆန်းတယ်လို့ ခံစားခဲ့ရတာ, မမျှော်လင့်ပဲ သူမရဲ့ အတွင်းစည်း တပည့်ဆိုတဲ့ အဆင့်အတန်းက ဒီကရောက်လာတာကိုး"

"ဖွက်, ရှက်စရာကြီး, မိန်းကလေးတွေက တကယ်ကို စည်းမရှိတာပဲ, သူမမိဘတွေသာ ဒီအကြောင်း သိသွားရင် ဘယ်လိုစဉ်းစားမလဲ တကယ်မသိဘူး"

"ငါကတော့ စီနီယာအမဟဲအတွက် စိတ်မကောင်း ဖြစ်မိတယ်, ဒီလို ယုံကြည်ချက် ပြည့်ဝပြီး လွတ်လပ်တဲ့ အမျိုးသမီးတစ်ယောက်က ဒီလိုဒေါသမျိုးကို ခံစားရတယ်လို့"

"ဒါတွေအားလုံး လင်ယွီရိုတစ်ယောက်တည်းကိုပဲ အပြစ်တင်လို့တော့ မရဘူး, လက်ခုပ်တစ်ဖက်တည်းနဲ့တော့ အသံမမြည်ဘူး, တုချီယင်းက ဘယ်လိုလူစားမျိုးလဲ ဆိုတာကို ငါတို့ ပွင့်ပွင့်လင်းလင်း ထုတ်မပြောကြပေမယ့် ငါတို့ရင်ထဲမှာတော့ သူ့အကျင့်စရိုက်ကို နားလည်နေကြတာပဲ"

"ဟုတ်ပ, တေင်သခင်လေးတုက..... ဟားဟားဟား, အမှိုက်အိုးအဖုံးနဲ့ လိုက်ဖက်တဲ့ အမှိုက်အိုးပေါ့ကွာ"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now