Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု

4.2K 992 66
                                    

Unicode

အခန်း(၂၀၇) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု

အားပိုင်ကယန်ထျန်းဟန်ရဲ့လက်မောင်း ထဲမှာတိုးဝှေ့နေရင်းဖြင့်သူ့လျှာလေးကို ထုတ်လိုက်ပြီးလက်ကောတ်ဝတ်ကို လျှက်လိုက်သည်။

အမြဲတမ်းဂုဏ်ယူဝံ့ကြွားတဲ့ဟန်ရှိသည့် ဟူပိုသည်လည်းဖြည်းညှင်းစွာလျှောက် လာ၍ယန်ထျန်းဟန်ပေါင်ပေါ်ခုန်တက် လိုက်ပြီးသူ့ခေါင်းလေးကိုယန်ထျန်းဟန် ရင်ဘက်နဲ့ပွတ်သပ်လိုက်သည်။

<ဘယ်လိုပဲဖြစ်ဖြစ်မင်းမှာအားပိုင် နဲ့ဟူပိုတို့ရှိသေးတယ်!>

ယန်ထျန်းဟန်ထူးထူးဆန်းဆန်းဖြစ်နေ တာကိုလင်ရွှမ်းဇီသတိထားမိသည်။သို့ သော်ယန်ထျန်းဟန်ပါးစပ်ကသူဘယ် လောက်ကြိုးစားကြိုးစားဖွင့်လို့မရတဲ့ ကမာကောင်နဲ့တူနေ၏။သူကယန်ထျန်း ဟန်မလုပ်ချင်တဲ့အရာတစ်ခုခုကိုအတင်း အကြပ်လည်းမလုပ်ချင်တာကြောင့်သူ့ အခန်းကိုသာပြန်သွားပြီးအသံကူးပြောင်း ခေါင်းလောင်းလေးအားထုတ်ကာအ ကြိမ်အနည်းငယ်ခပ်သာသာလှုပ်ရမ်း လိုက်သည်။သိပ်မကြာခင်အဝေးတစ် နေရာမှအသံမည်တမ်းမှုတစ်ခုကိုကြား လိုက်ရလေသည်။

"ရွှမ်းဇီ"တစ်ခြားတစ်ဖက်ကအသံက ရယ်ရွှင်မှုတစ်စုံတစ်ရာပါဝင်နေပြီး ဆက်ပြောလာသည်။

"မင်းထွက်သွားတာသိပ်တောင်မ ကြာသေးဘူးငါ့ကိုထပ်ပြီးစကား ပြောချင်နေတာလား?"

လင်ရွှမ်းဇီကတစ်ဖက်လူရဲ့အဓိပ္ပါယ် နှစ်ခွဖြစ်နေသောစနောက်နေသည့် အသံအားလျစ်လျူရှုကာပြောလိုက်သည်။

"တစ်ခုခုစုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုချင်လို့"

ပိုင်ရိချန်ကအနည်းငယ် အံ့အားသင့်သွားရသည်။

"မင်းဘက်ကဒီလိုစပြီးပြောတာ ကတော်တော်ရှားပါးတယ်ဘာကို စုံစမ်းချင်တာလဲ?"

လင်ရွှမ်းဇီအသံကအနည်းငယ် အေးစက်နေသည်။

"ဒီနေ့ယွီသိုက်တောင်အပြင်ဘက်က ပန်းကြွေသစ်တောကိုဘယ်သူတွေ သွားလဲစစ်ဆေးပေးပါ"

"ကောင်းပြီ" ပိုင်ရိချန်ကအလွယ်တကူသဘောတူ လိုက်ပြီးလင်ရွှမ်းဇီကဘာကြောင့် သူ့ကိုစုံစမ်းခိုင်းလဲဆိုတာကိုမမေးပဲ စကားတစ်ခွန်းကိုသာဆက်ပြောလိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now