Chapter(216) - မိုးရေထဲမှာလမ်းခွဲ

4.3K 947 56
                                    

Unicode

အခန်း(၂၁၆) - မိုးရေထဲမှာလမ်းခွဲ

လင်ရွှမ်းဇီကယန်ထျန်းဟန်အား တစ်ချက်ကြည့်လိုက်သည်။သူက ရှင်းပြလိုသော်လည်းသူ့စကားလုံးတွေ ကသူပြောဖို့ပြင်လိုက်တဲ့အချိန်မှာပဲ ပိတ်ဆို့သွားမိကာနောက်ဆုံးတော့ ထိုစကားလုံးများကိုပြန်မျိုချလိုက် တော့သည်။

လင်ရွှမ်းဇီကခပ်ဖျော့ဖျော့ သာပြောလိုက်သည်။

"မင်းမှန်ပါတယ်ကိုယ့်ပစ္စည်းတွေ ကိုယ်သိမ်းထား..ငါ့ကိုပြန်ပေးစရာ မလိုဘူး..ဒါပေမဲ့အနာဂတ်မှာတော့ မပြောခင်မှာပြန်စဉ်းစားစိတ်ထဲပေါ် လာသမျှကိုထုတ်မပြောနဲ့"

တစ်ချို့ကိစ္စတွေကတံခါးနောက်ကွယ် မှာဆွေးနွေးတာပိုပြီးသင့်တော်သည်။ ဒီလူတွေအားလုံးရှေ့မှောက်တွင် ထိုကဲ့သို့သောအနှောင့်အယှက်ပေးခြင်း သည်အပျက်သဘောဆောင်သော သက်ရောက်မှုရှိလိမ့်မည်။

ယန်ထျန်းဟန်ကတော့နှစ်ခါပြန် ပါးရိုက်ခံရတယ်လို့ပဲတွေးပုံပေါ်သည်။ သူ့မျက်နှာကတောက်လောင်လာပြီး သူ့မျက်နှာပေါ်ကျဆင်းနေသည့်မိုးရေစက် တိုင်းကတောင်ထက်ရှတဲ့အပ်များလို ခံစားရကာသူ့အသားအရည်တစ်လက်မ မကျန်နေရာတိုင်းကိုနာကျင်မှုယူဆောင် လာသည်။

ဒါကသူ့အကိုကြီးရောဟုတ်သေးရဲ့လား?

သူကဒီလိုအဝတ်လေးတစ်ခုအတွက် သူနဲ့စကားများစရာလိုလို့လားပြီးတော့ သူ့ကိုလည်းဒီလောက်လူတွေအများကြီး ရှေ့မှာလွတ်လပ်ခွင့်မပေးဘူး.. လင်ရွှမ်းဇီ ရဲ့မျက်လုံးထဲမှာသူ့ဂုဏ်သိက္ခာက ငွေကြေးနဲ့တောင်မထိုက်တန်ပဲဘယ်သူ မဆိုလွတ်လွတ်လပ်လပ်နင်းခြေလို့ ရတယ် မြင်တာ လား?

ယန်ထျန်းဟန်ရဲ့နှလုံးသားတစ်ခုလုံးက မကျေနပ်မှုများနဲ့ပြည့်နှက်နေသည်။ သူကခေါင်းကိုငုံ့လိုက်ပြီးအဝတ်များ အားလင်ရွှမ်းဇီထံပစ်ပေးလိုက်ကာ သူ့သိုလှောင်အိတ်ထဲမှသူ့ရဲ့ပုံမှန် အဝတ်များကိုထုတ်၍ဝတ်လိုက်သည်။

ဒါ့အပြင်သူကသူ့လက်ကောက်ဝတ် နှင့်ခါးမှာဝတ်ထားသည့်ပစ္စည်းများ ကိုလည်းမြေပေါ်သို့ပစ်ပေါက်ချလိုက်၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now