Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။

4.2K 968 71
                                    

Unicode

အခန်း(၂၁၉) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။

ဝမ့်လင်းဟွားကတစ်ခြားသူရဲ့ ဒီလိုအကြည့်မျိုးကိုနေသားကျနေ ဟန်ဖြင့်ရှက်ရွံ့သွားသည်ပုံမရှိပဲရှင်းပြသည်။

"ကျွန်မကဆေးဆရာပါဆေးလုံး ကန့်သတ်လျို့ဝှက်နယ်မြေထဲဝင်ပြီး တဲ့အချိန်မှာကျွန်မရှစ်မေ့နဲ့ကျွန်မတို့ အုပ်စုနဲ့ကွဲသွားကြလို့အခုလေးတင် လမ်းပေါ်မှာကြမ်းတမ်းတဲ့သားရဲ တစ်ကောင်နဲ့ပိတ်မိနေခဲ့တာအကယ်၍ တောင်သခင်လေးယွမ်ကြောင့်သာ မဟုတ်ရင်အဲ့ဒီကိစ္စကကျွန်မနဲ့ရှစ်မေ့ တို့နှစ်ယောက်တည်းနဲ့တောင်မပြီးဆုံး မှာစိုးမိတယ်"

ယွမ်ထျန်းဝမ်ကလျှောက်လာပြီး သွမ့်ယွီယန်အားသူ့ဆီဆွဲခေါ်လိုက်သည်။

"လင်းဟွာနဲ့အရင်တုန်းကရင်းနှီးတဲ့ မိတ်ဆွေဆက်ဆံရေးရှိတယ်သူမရဲ့ ဆေးပညာအရည်အချင်းကမဆိုးဘူး. အားဟန်ကိုသူမကိုကြည့်ခွင့်ပေးသင့်တယ်"

သွမ့်ယွီယန်ကသူ့ရဲ့နှဖူးကိုမြှင့် လိုက်သည်

သူကမျိုးရိုးနာမည်တောင်ဖြုတ်ပြီး တစ်ခါတည်းလင်းဟွားလို့ခေါ်လိုက် တယ်ပေါ့လေကြည့်ရတာသူတို့ရဲ့ ရင်းနှီးမှုကမသေးဘူးထင်တယ်

ကျင့်ဖန့်ဖေးကသူမရဲ့ခေါင်းကို ဂုဏ်ယူစွာမြှင့်လိုက်သည်။

"ကျွန်မရဲ့ရှစ်ကျဲကကျုံရာလူ တစ်ယောက်ကိုကူညီမယ့်သူမဟုတ် ဘူး...ရှင်ဒီရွာကိုကျော်သွားပြီးရင် ဘာဆိုင်မှရှိမှာမဟုတ်တော့ဘူးအကယ်၍ ရှင်လမ်းမဖယ်ပေးသေးဘူးဆိုရင် ကျွန်မရှင့်ကိုလွှင့်ပစ်လိုက်မယ်ရှင် အပြင်မှာပဲစောင့်ဆိုင်းနိုင်တယ်"

(T/N - ဒီရွာကိုကျော်ပြီးရင်ဘာဆိုင် မှရှိမှာမဟုတ်တော့ဘူး = အခွင့်အရေး ကိုအခုမယူရင်နောက်ကျဘာမှရှိမှာမ ဟုတ်တော့ဘူး)

သွမ့်ယွီယန်မှာဒေါသလည်းထွက် သလိုရယ်လည်းရယ်ချင်မိသည်။

"ကျုပ်ကဒီဂူထဲအရင်ဝင်ခဲ့တာခင်ဗျား ကကျုပ်ကိုမောင်းထုတ်စရာအခွင့်အရေး ဘာများရှိလို့လဲ?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now