Chapter(222) - ယန္တရားအသက်ဝင်လာပြီ

4.7K 1K 80
                                    

Unicode

အခန်း(၂၂၂) - ယန္တရားအသက်ဝင်လာပြီ

သွမ့်ယွီယန်ကထူးဆန်းတဲ့အမူအယာနဲ့ ယန်ထျန်းဟန်မျက်နှာကိုနေ့တစ်ဝက် လောက်ကြည့်နေပြီးမှသက်ပြင်းချ လိုက်သည်။

"အားဟန်ကဒီလိုမျိုးကိုယ့်ရည်သွေး တတ်တဲ့သူမျိုးလို့မထင်ခဲ့မိဘူး.. အချစ်လေးနည်းနည်းလောက်ဆိုရင် တော်ပြီလေကွာအလွန်အကျူးဖြစ် စရာမှမလိုတာ"

ယန်ထျန်းဟန် , "..."

"သွားပါဗျာအကိုကအရမ်းစိတ်ရှုပ်ဖို့ ကောင်းတာပဲ" ယန်ထျန်းဟန်ကအော်ပြောတော့သည်။

"မသွားဘူး,မသွားဘူး!" သွမ့်ယွီယန်ရဲ့အကြည့်ကယန်ထျန်းဟန် ကိုစိတ်ရှုပ်အောင်လုပ်နေသလိုမျိုး ပူလောင်နေပြီးစိတ်လှုပ်ရှားစွာမေး လိုက်သည်။

"ပြောမှပဲ...တစ်ယောက်ရဲ့ရုပ်ရည်က နှလုံးသားကနေလာတာတဲ့...ဒီလိုရောင် ပြန်ဟပ်မှုမျိုးကိုမြင်ရတာမင်းတစ်နေရာ ရာကနေအဲ့ဒီအလှလေးကိုမြင်ဘူးလို့ ဖြစ်မယ်မြန်မြန်လေးကိုကို့ကိုပြောပြ အဲ့ဒီအလှလေးအခုဘယ်မှာလဲ?"

ယန်ထျန်းဟန်ကိုကြည့်ရတာရှက်နေ သလိုမျိုးသူ့ကိုယ်ကိုလှုပ်ရမ်းကာအနည်း ငယ်အနေခက်စွာခံစားရပြီးပြန်ပြော လိုက်သည်။

"ဘာလို့ကျွန်တော့ကိုဆက်တိုက် အလှလေးလို့ခေါ်နေတာလဲ?ကျွန်တော် နေသားမကျဘူး"

သွမ့်ယွီယန် , "..."

ဖူး—ငါ့ကိုမင်းလာနောက်နေတာလား?!

သွမ့်ယွီယန်ကယန်ထျန်းဟန်နောက် ကတောက်လျှောက်လိုက်ပြီးအလှလေး ကိုဒီလိုဖွက်ထားတာဘယ်လောက်တောင် လွန်လွန်းလဲဆိုပြီးယန်ထျန်းဟန်အား မှန်ထဲနောက်တစ်ကြိမ်ထပ်ကြည့်ခိုင်း နေတာကြောင့်အဲ့ဒါကလူတိုင်းရဲ့သိချင် စိတ်ကိုနှိုးဆွပေးနေသည်။

ယန်ထျန်းဟန်ကစကားမပြောပဲရှေ့မှာ သာပတ်လျှောက်နေသည်။မှန်ကိုပြန် သိမ်းပြီးတာနဲ့သူကအဲ့ဒါကိုနောက် တစ်ဖန်ထပ်မကြည့်ရန်အသေမှတ် ထားပြီဖြစ်ပြီးသူအဲ့ဒါကိုအတော်လေး ရှက်နေတာထင်ရှားနေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now