Chapter(223) - ပိတ်မိခြင်း

5K 1K 42
                                    

Unicode

အခန်း(၂၂၃) - ပိတ်မိခြင်း

လူတိုင်းဘာမှမတတ်နိုင်ပဲဘေးဘက် သို့ကြည့်မိကြပြီးတောင်သခင်လေးယွမ် ရဲ့ရေလိုညင်သာနေသောအကြည့်တစ်ခု တည်းသာတွေ့လိုက်ရတာကြောင့် သူတို့အားလုံးသွယ်ဝိုက်စွာနားလည် သွားကြသည်

ဟီးဟီးဟီး......ကောလဟာလတွေ အတိုင်းသေချာပေါက်ပဲ,တောင်သခင် လေးယွမ်ကသခင်လေးသွမ့်ကိုချစ်ခင် နှစ်သက်သွားလို့သူနဲ့လက်ထပ်ခါနီးဖြစ် နေတဲ့စေ့စပ်ထားသူကိုတောင်မျက်စိ တစ်မှိတ်အတွင်းကန်ထုတ်ပစ်လိုက် တယ်ဆိုတဲ့စကားက...

ပိုပြီးအရေးကြီးတာကယွမ်ထျန်းဝမ် ကသွမ့်ယွီယန်ကိုပေါ်ပေါ်တင်တင် လိုက်နေပြီးတစ်ခြားသူတွေကသူ့ကို လွတ်လွတ်လပ်လပ်ကျိုးကြောင်း ဆီလျော်စွာစီရင်ပြောဆိုနေတာကို လက်ခံထားခြင်းပဲ...လူများစွာက သူ့ကိုလှောင်ပြောင်ပြောကြသည့် တိုင်အောင်သူကမရွှေ့လျားတဲ့ တောင်ကြီးတစ်လုံးလိုမြဲမြဲမြံမြံရှိနေ ဆဲပဲဖြစ်ကာအပြောခဲ့နေရသည့် ထိုလူကအဲ့ဒီကိစ္စကိုလုံးဝစိတ်မပူ သလိုမျိုးပျော်ရွှင်ပြီးကျေနပ်ရောင့် ရဲနေသည်လေ။သူကသူ့ရဲ့ဂုဏ်သတင်း ကိုလည်းလုံးဝဂရုမစိုက်ဘူး..

ဒီလူနှစ်ယောက်ကိုအတူတူထား လိုက်တော့ကြည့်ရတာအံ့သြဖို့ ကောင်းလိုက်တာ!

အဲ့ဒါကဒီအတိုင်း...ရှိနေတဲ့သူတွေ ထဲမှာဒီလိုခင်ပွန်းကောင်းတစ်ယောက် ကောင်းကင်ပေါ်ကပြုတ်ကျလာတဲ့ အတွက်သွမ့်ယွီယန်ကိုအားကျမနာ လိုနေတဲ့သူတွေရှိနေတာတစ်ခုပဲ

တစ်ချို့ကတော့များသောအားဖြင့် ကိုယ်ဟန်အမူအယာတွေအများကြီး ရှိကြတယ်ဆိုပေမယ့်ယွမ်ထျန်းဝမ်ရဲ့ သစ္စာစောင့်သိမှုကိုရရှိဖို့ထိုက်တန်လို့ တွေးကြသည်။

ပြိးတော့လည်းအတိတ်တွင် သွမ့်ယွီယန်၏အမူအကျင့်ဆိုး သည်သြဇာညောင်းသောမိသားစု များ၏သားများကြားတွင်အံ့သြ ဖွယ်ရာဖြစ်သော်လည်းသူ၏ ဂုဏ်သတင်းကအသံသိပ်မထွက် တာကြောင့်သူဘယ်သူလဲသိတဲ့သူ အများကြီးမရှိပေ။

သို့သော်ယွမ်ထျန်းဝမ်ဆီကချစ်ခင် ထောက်ပံ့မှုကိုရရှိပြီးသွမ့်ယွီယန်ကို လူတိုင်းသိလာကြတော့သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now