Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း

4.3K 1K 33
                                    

Unicode

အခန်း(၂၂၄) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း

"လက်မှုပညာရှင်လင်" တစ်စုံတစ်ယောက်ကရုတ်တရက် လင်ရွှမ်းဇီမျက်နှာခြင်းဆိုင်တွေ့လာသည်။

"ဒီကနေဘယ်လိုထွက်ရမလဲ ခင်ဗျားသိလား?ဒီထဲကထူးခြားတဲ့ အရာတွေကအတိအကျဘာတွေလဲ?"

လင်ရွှမ်းဇီကထိုလူကိုတစ်ချက်ကြည့် လိုက်ပြီးတည်ကြည်အေးဆေးစွာဖြင့် ပြန်ဖြေသည်။

"ကျုပ်လည်းမသေချာဘူး"

ရေခဲပြင်မြွေပါမွှေးဆံထိုးကိုထိုးထား သည့်ထိုလူငယ်လေးကမထီမဲ့မြင်ဟန် နှာခေါင်းရှုံ့ပြီးဆက်ပြောလာသည်။

"အကယ်၍ကျုပ်မှတ်မိတာသာ မှန်မယ်ဆိုရင်တံတားကိုမသွားနဲ့ လို့ပြောတဲ့သူကလက်မှုပညာရှင်လင် လားလို့...ခင်ဗျားကဒီနေရာနဲ့မရင်းနှီးဘူး လို့ပြောရဲသေးတယ်နော်?ဒါ့အပြင် ကျုပ်တို့ကိုဒီခေါ်လာတာလဲခင်ဗျားပဲ!"

သူထို့သို့ပြောပြီးနောက်လူတိုင်းရဲ့ မျက်လုံးများကချက်ချင်းလင်ရွှမ်းဇီ ကိုအာရုံစိုက်လာကြသည်။

လင်ရွှမ်းဇီကတကယ်ကိုဒီနေရာရဲ့ အတွင်းရောအပြင်ရောအားနှံ့နှံ့စပ်စပ် သိသည်။သို့သော်သူကတော့အနည်း ငယ်တောင်သူ့ကိုယ်သူဖော်ထုတ်ပြဖို့ အစီအစဉ်မရှိသေးပေ..အကြောင်းက တော့အချိန်မကျသေးဘူးလေ

လင်ရွှမ်းဇီကထိုလူကိုတစ်ချက်ကြည့် လိုက်ပြီးသူ့အကြောင်းအားစိတ်နှလုံး သားထဲမှာမှတ်ထားလိုက်ပြီးမှပေါ့ပေါ့ ပါးပါးပြောလိုက်သည်။

"ဘယ်သူမဆိုဒီလိုထူးဆန်းပြီး ရေအတိမ်အနက်မသိနိုင်တဲ့နေရာမျိုး မှာကြောက်လန့်ပြီးသတိထားရမှာပဲ... ဒီလိုသာမာန်အသိဉာဏ်မျိုးကိုတောင် ခင်ဗျားကိုဘယ်သူမှမသင်ထားဘူးလား?"

လင်ရွှမ်းဇီဆီကဒီလိုနူးညံ့သိမ်မွေ့စွာ ထောက်ပြပေးမှုကိုခံရပြီးနောက်မှာ လည်းထိုလူငယ်ကလက်မခံနိုင်ဖြစ် နေပြီးအံကိုကြိတ်ကာဆက်ပြောလေသည်။

"ခင်ဗျားဆီမှာရှင်းရှင်းလင်းလင်းကို ကာကွယ်ရေးမှော်ကိရိယာရှိနေတာ ဘာဖြစ်လို့လူနည်းနည်းလောက်ကို ပိုပြီးကာကွယ်ပေးနိုင်ဖို့ထုတ်မလာရ တာလဲ?အကယ်၍လူတိုင်းသာခင်ဗျား လိုမျိုးတစ်ကိုယ်ကောင်းဆန်နေမယ် ဆိုရင်ကျုပ်တို့ဒီကနေအသက်ရှင်ရက် တောင်ထွက်နိုင်မှာမဟုတ်ဘူး!"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now