Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်

4.3K 986 41
                                    

Unicode

အခန်း(၂၂၉) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်

ရှန်ရူပင်းကသူမပါးစပ်ကို ဖွင့်ပြီးအော်ပြောလာသည်။

"ဒုတိယအကိုနောက်ဆုံးတော့ အကိုရောက်လာပြီပေါ့"

ရှန်ချောင်းကွန်းကလင်ရွှမ်းဇီအား, တောင်းပန်သည့်အမူအယာဖြင့်ကြည့် လိုက်ပြီးမှရှန်ရူပင်းကိုဘေးတစ်ဖက် ဆွဲခေါ်သွားရင်းတီးတိုးမေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ?"

ရှန်ရူပင်းကသူမ,ဆေးလုံးကန့်သတ် လျို့ဝှက်နယ်မြေထဲသို့ဝင်လာပြီး နောက်ဖြစ်ပျက်သမျှအတွေ့အကြုံ များအားတိတ်ဆိတ်ပြီးလေးနက် သည့်အသံဖြင့်တိုတိုနဲ့လိုရင်းပြော ပြလိုက်သည်။

ရှန်ချောင်းကွန်းရဲ့အမူအယာက ချက်ချင်းရုပ်ဆိုးလာတော့သည်။

"အပြင်ဘက်ကမိုးကရှားပါးတဲ့ ဆေးမိုးဆိုတာရောသိရဲ့လား?ဆေးလုံး ကန့်သတ်လျို့ဝှက်နယ်မြေရဲ့ဝင်ပေါက် တည်နေရာကနှစ်တိုင်းပြောင်းလဲနေ တာ...ကံကောင်းတဲ့သူပဲဆေးမိုးရွာ တာကိုတွေ့ကြုံနိုင်တာ...အဲ့ဒါက ရည်ရွယ်ချက်ရှိရှိရှာတာမဟုတ်ပဲ မတော်တဆအခွင့်အရေးရမှသာ ရရှိနိုင်တဲ့အရာမျိုး,အဲ့ဒါတောင်နင်က ဒီအတိုင်းထီးကိုသုံးပြီးကာကွယ် လိုက်တယ်ပေါ့လေ!"

ရှန်ရူပင်းမှာအံ့အားသင့်သွားပြီး စိတ်လှုပ်ရှားပူပန်စွာမေးလိုက်သည်။

"ဘာလို့ညီမတစ်ခါမှမကြားဘူးရတာလဲ?"

ရှန်ချောင်းကွန်းရဲ့အမျက်ဒေါသက နောက်ဆုံးတော့ပေါ်ပေါက်လာပြီး အံကိုကြိတ်လိုက်သည်။

"ငါလုပ်မိခဲ့သမျှကနင့်ကိုပြောဖို့ စကားနည်းနည်းလောက်လိုသွား တာတစ်ခုပဲအဲ့ဒါလေးတင်ကို နင်ကတော့ဒီလိုအခွင့်အရေးကောင်း ကိုလက်လွှတ်လိုက်ရပြီ...ထပ်ပြော ရရင်ဒီလိုဆေးမိုးမျိုးကိုတားဆီး နိုင်မယ့်မှော်ရတနာမျိုးနင်ရသွားမယ် လို့ငါဘယ်လိုလုပ်ထင်ထားမိမှာလဲ?!"

ရှန်ရူပင်းကအံကိုကြိတ်လိုက်သည် "အဲ့ဒါကအကုန်လုံးလင်ရွှမ်းဇီရဲ့အမှားပဲ!"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now