Chapter - 40

16.4K 2.6K 450
                                    

{Zawgyi}

•ဆေးခတ်ခံလိုက်ရတဲ့ twinkနှင့် တင်းခံထားသော ယောကျာ်းတန်ဆာ•

[ T/N : twink - ဆွဲဆောင်မှုရှိပြီး ယောကျာ်းပီသတဲ့ homo ]

လီယွိကလည်း သူ့အတိုင်းပဲဖြစ်တယ်။ သူကုမ္ပဏီကို စိတ်မပါလက်မပါနဲ့ရောက်လာဖို့အတွက် ကျန်းဆွေ့ယင်း နှစ်ပတ်လောက်စောင့်လိုက်ရတယ်။

ကျန်းဆွေ့ယင်းကိုယ်တိုင်ခေါ်လိုက်တာတော့မဟုတ်ဘူး။ အတွင်းရေးမှုးလျန်ကို သူ့ကို ဖင်တွန်းပေးဆိုပြီး ပြောထားတာသာဖြစ်တယ်။

ပုံမှန်အားဖြင့် ဒီအတွင်းရေးမှုးလျန်က လီယွိကို ကောင်းကောင်းစောင့်ရှောက်ပေးတယ်။ သူကလည်း သူမကို "အစ်မ"လို့ခေါ်တတ်တယ်။

နေ့တိုင်းသူ့ကို တိုက်တွန်းပေးဆိုပြီး အတွင်းရေးမှုးလျန်ခမျာ အမိန့်ပေးခံနေရတော့တယ်။ လီယွိက လာဖို့ တွန့်ဆုတ်နေတယ်ဆိုပေမယ့် ရွေးခြယ်စရာမရှိတဲ့အဆုံး လာလိုက်ရတယ်။

ကျန်းဆွေ့ယင်း လီယွိကို သူ့ရုံးခန်းထဲ ခေါ်လိုက်တယ်။

လီယွိက လေးလံတဲ့အနက်ရောင်ဂျာကင်ကြီးကို ဝတ်ထားတုန်းဖြစ်ပြီး အောက်ကတော့ ဖြူဆွတ်နေတဲ့အားကစားဘောင်းဘီကိုဝတ်ထားကာ လက်ထဲမှာ သူကြည့်ချင်တယ်ဆိုတဲ့ ပစ္စည်းပစ္စယတွေကိုင်ထားတယ်။

ကျန်းဆွေ့ယင်းက ခြေထောက်ချိတ်ကာ ကုလားထိုင်ပေါ်မှာထိုင်ပြီး မေးစေ့ကိုပွတ်နေရင်း သူ့ကိုမောက်မာတဲ့ပုံစံနဲ့ကြည့်ကာ ရန်စသလိုပြောလိုက်တယ်။ "သာမန်လူသားတွေက မင်းကိုကျေနပ်သွားအောင် တကယ်မလုပ်နိုင်ပါလား ကြီးမြတ်လှတဲ့ဗုဒ္ဓရေ" [ T/N : ကန်တော့ ကန်တော့ ]

လီယွိက သူ့ကိုစိုက်ကြည့်ပြီးမှ မျက်လွှာချကာ ပစ္စည်းတွေကို စားပွဲပေါ် နေရာချပေးလိုက်တယ်။

ခုနတုန်းက သတိမထားမိပေမယ့် အခုတော့ ဒီလောက်ကျယ်ဝန်းတဲ့နေရာကြီးမှာ ကျန်းဆွေ့ယင်းအနံ့အသက်တွေနဲ့ပဲ ပြည့်နှက်နေတာကို ခံစားမိလာတယ်။ မွန်းသိပ်လှတဲ့ဆေးလိပ်ငွေ့အနံ့တွေ၊ မုတ်ဆိတ်ရိတ်တဲ့ လိုးရှင်းနံ့နဲ့ ရေမွှေးနံ့ဖျော့ဖျော့တို့ ရောထွေးနေတယ်။ သူ့ရဲ့နိမိတ်မကောင်းတဲ့အပြုံးနဲ့ မောက်မာလှတဲ့မျက်လုံးတွေကြားမှာ အရိုင်းဆန်ပြီး ဆွဲဆောင်မှုပြင်းတဲ့အငွေ့အသက်က ပြောမပြနိုင်လောက်အောင်ဖြစ်နေတယ်။ လွန်လွန်ကျူးကျူးပြောရမယ်ဆိုရင် လူတွေက သူ့ဆီကနေတောင် အာရုံလွှဲနိုင်မှာမဟုတ်ဘူး...

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now