Chapter - 99

21.4K 3.2K 652
                                    

{Zawgyi}

•ချစ်သူကို ဖယ်ထုတ်•

ရှောင်ကျူ လီယွိကိုကြည့်ကာ တကယ်ပူပန်နေမိတယ်။

သူ့အမြင်မှာ ဒီလူက သိပ်ကောင်းလှတာမဟုတ်တဲ့အတွက် သူကိုယ်တိုင် စောင့်ရှောက်ပေးရတာမျိုး မလုပ်ချင်ဘူး။ သို့ပေမယ့်လည်း အခုက လျှောက်လမ်းမှာဆိုအပူချိန်က သုညအောက်ရောက်နေလောက်တယ်။ မြောက်ပိုင်းမှာ ဆောင်းရာသီဆို အေးခဲပြီးသေသွားတဲ့လူတွေနဲ့ ပက်သက်ပြီး ကြောက်စရာကောင်းတဲ့ဇာတ်လမ်းတွေမျိုးစုံကို သူမှတ်မိနေသေးတယ်။ ထပ်ပြီးတွေးကြည့်ရင် အရက်မူးပြီးလမ်းပေါ်မှာ အိပ်ပျော်သွားတဲ့လူကြီးက နောက်တစ်နေ့နိုးလာချိန်မှာ နှင်းကိုက်နာတွေဖြစ်ပြီး သူ့ရဲ့ခြေတွေလက်တွေအားလုံး ဖြတ်ပစ်လိုက်ရတယ်ဆိုတာကိုပါ သတိရလာတယ်။ ဒီလိုပဲခပ်ဆင်ဆင် သူ့အိမ်ရှေ့တံခါးဝမှာ လူရောက်နေတယ်၊ သူလီယွိကို သဘောမကျဘူးဆိုပေမယ့် နက်နက်ရှိုင်းရှိုင်းမုန်းနေတာမျိုးလည်းမဟုတ်တာကြောင့် သူ့အပေါ် ဒီလိုမဆက်ဆံသင့်ဘူးလို့ ခံစားမိလာတယ်။

အထူးသဖြင့် ဒီလူနဲ့ကျန်းဆွေ့ယင်းမှာ သူမသိတဲ့အတိတ်တစ်ခုက ရှိနေသေးတယ်။

သူ လီယွိကို ဘေးနည်းနည်းရွှေ့ပြီး တံခါးဖွင့်ကာ ကျန်းဆွေ့ယင်းကို ဘယ်လိုလုပ်မလဲဆိုပြီး ဆုံးဖြတ်ခိုင်းဖို့လုပ်လိုက်တယ်။

တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ ထောင်းခနဲထလာတဲ့အရက်နံ့ကြောင့် သူတောင် နှာခေါင်းရှုံ့သွားရတယ်။ အခန်းထဲဝင်လိုက်တဲ့အခါ ကျန်းဆွေ့ယင်းက လုံးဝကို အင်အားကုန်ခမ်းနေတဲ့ပုံမျိုးနဲ့ ဆိုဖာပေါ်မှာ အိပ်ပျော်နေတယ်။

ရှောင်ကျူ ဆွံ့အစွာနဲ့ အိပ်ပျော်နေတဲ့လူနှစ်ယောက်ကို ကြည့်နေမိတယ်။

သူ တံခါးနားမှာတင် နှစ်စက္ကန့်လောက် တောင့်ခဲနေပြီး နောက်ဆုံးမှာတော့ ရွေးခြယ်စရာမရှိဘဲ လီယွိကို အိမ်ထဲဆွဲသွင်းကာ သစ်သားကြမ်းပြင်ပေါ်မှာ လှဲချပေးထားလိုက်တယ်။

အခန်းအပူချိန်က အလွန်မြင့်ပြီး ၂၆ ၂၇ဒီဂရီလောက် ရှိတယ်။ အခန်းထဲဝင်လိုက်တာနဲ့ ချွေးပြန်လာပြီး ဘယ်နေရာမဆို အိပ်ဖို့အတွက် အေးနေတာမျိုး မရှိဘူး။ သို့ပေမယ့် ရှောင်ကျူက အိမ်ထဲက စောင်နှစ်ထည်ရှာလာပြီး သူတို့ကို သက်သက်စီခြုံပေးထားလိုက်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now