Chapter - 113

18.7K 2.9K 615
                                    

{Zawgyi}

•ခြိမ်းခြောက်မှုများ ၄•

လီဝမ်ယောင်က သူ့ကို အတင်းအကျပ်မလုပ်ဘူး။ စီးကရက်တစ်လိပ် မီးညှိပြီးတဲ့နောက် အေးအေးလူလူပြောလာတယ် "ပြောကြတာတော့ စီးပွားဖက်ဆိုတာ မျှမျှတတနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိရတယ်တဲ့၊ မင်းက ဒီလောက်အရင်းအနှီးလုပ်ထားတာလေ၊ အခု အားဝမ်ရဲ့ရန်ပုံငွေက ရောက်နေပြီ၊ ရှောင်လီရဲ့ရန်ပုံငွေကလည်း ရောက်လာပြီးပြီ ဒါပေမယ့် အာဏာအရှိဆုံးမှန်း သိသာတဲ့ သခင်လေးကျန်းကျမှပဲ ဒီလိုရှုပ်ထွေးနေချိန်မှာ ရောက်မလာဘူး... ငါတို့က တကယ်ငွေကြေးထည့်ပြီး မြှုပ်နှံနေတာ နှောင့်နှေးတာမျိုးကို လက်မခံနိုင်ဘူး၊ ငါတို့တွေ တတ်နိုင်သလောက် မြန်မြန်စချင်နေကြပြီလို့ မင်းမထင်ဘူးလား?"

ကျန်းဆွေ့ယင်းက ပြုံးကာ "အားဝမ်က တည်ငြိမ်နေပေမယ့် ယောင်ကောပဲ အလျင်လိုနေတယ်လို့ ကျွန်တော်ထင်တာပဲ"

လီဝမ်ယောင်က သူ့ကို ခက်ထန်စွာ ကြည့်လာတယ် "အဲ့တာက မင်းတို့ရဲ့သူငယ်ချင်းဆက်ဆံရေးကြောင့် အားဝမ်ဒီလိုဖြစ်နေတာ၊ ဒါကြောင့်မို့ သူလိုနေတဲ့အလုပ်ကို လက်စမသတ်နိုင်ဖြစ်နေတာလေ၊ ဒီမှာရှိတဲ့လူတိုင်းက အရွယ်ရောက်နေကြတဲ့လူတွေချည်းပဲလေ၊ ကိုယ့်ရဲ့ချမ်းသာမယ့်လမ်းကြောင်းမှာ တစ်ခုခုလာပိတ်နေရင် ဘယ်သူက ပျော်မှာလဲ? မင်းနားလည်မယ်လို့ ကိုယ်ယုံတယ်၊ ဒီနေ့မှ ငါမင်းကို ရှင်းအောင်မပြောဘူးဆိုရင် မင်းပိုက်ဆံတွေကို တခါတည်းပေးပါ့မလားတောင် မသိတော့ဘူး"

လီဝမ်ယောင်က ကြည့်ကောင်းတဲ့မျက်နှာလေးရှိပေမယ့် လူကောင်းတစ်ယောက်နဲ့တူဖို့ရာ သူက ခက်ထန်လွန်းလှတယ်။ သူက အတော်လေးရန်လိုတတ်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိဘူး။ လူအများစုက သူ့ကိုစိတ်ရှုပ်အောင် မလုပ်ချင်ကြဘူး။ ကျန်းဆွေ့ယင်းကတော့ သူနဲ့အဆုံးထိ တင်းပြီးတော့ တိုက်ခိုက်သွားမယ့်လူဖြစ်တယ်။

ကျန်းဆွေ့ယင်း အတောင့်လိုက်ကြီး ပြောချလိုက်တယ် "ကျွန်တော့်ကို နှစ်လလောက်အချိန်ပေးဆိုပြီး အားဝမ်ကို ပြောထားတယ်လေ ဒါပေမယ့် ရောက်မှမရောက်သေးတာ"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now