Chapter - 105

21.3K 2.8K 684
                                    

{Zawgyi}

•ပြေရာပြေကြောင်း ဖြန်ဖြေပေးခဲ့ ၃•

ထိုညမှ ကျန်းဆွေ့ယင်း လုံးဝမူးသွားခဲ့တယ်။

ပထမဆုံးအကြိမ်အဖြစ် သူနဲ့လီယွိ အရက်တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ်။ ဝိုင်ဖြူဝိုင်နီ တစ်လှည့်စီနဲ့ သူ့မိသားစုထဲက ဝိုင်ကောင်းတွေအားလုံး ထုတ်ပစ်ပြီး သူလည်း အလဲလဲအကွဲကွဲဖြစ်တော့တယ်။ သူ ဝိုင်ရှစ်လုံး ဒါမှမဟုတ် နှစ်ခွက်လောက် သောက်ပစ်ခဲ့တယ်။ သူ လီယွိနဲ့ ဘယ်တုန်းကမှ မူးသွားတဲ့ထိ မသောက်ဖူးဘူး။

အစက အဖိုးကျန်းလည်း သူတို့နဲ့ သောက်နေသေးတာကြောင့် သောက်တာကို ပိုပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်နေရသေးတယ်။ အဖိုးကျန်းက နှစ်ပေါင်းများစွာ စစ်တပ်မှာ နေလာခဲ့တာဖြစ်လို့ သူ့ဘ၀နေထိုင်မှုပုံစံက အချိန်အတိအကျနဲ့ဖြစ်တယ်။ ည ကိုးနာရီခွဲတာနဲ့ အိပ်ရာဝင်တယ်။ အဖိုးထွက်သွားပြီးနောက် ကျန်းဆွေ့ယင်း အနည်းငယ်ရီဝေဝေဖြစ်လာတယ်။ သူက သူ့ရဲ့ကုတ်အကျီကိုချွတ်ကာ ချည်စွပ်ကျယ်လေးနဲ့ နေပြီး ရင်စုံဖွင့်ကာ လီယွိနဲ့ သောက်တော့တယ်။

သူတို့တွေ အများကြီးပြောဖြစ်ခဲ့ပေမယ့် ကျန်းဆွေ့ယင်း တစ်ခွန်းမှ မမှတ်မိဘူး။ လီယွိငိုတာကိုတော့ မှတ်မိတယ်။ ပြီးတော့ သူလည်း ငိုခဲ့ပုံရပေမယ့် ဘာကြောင့်ငိုမိမှန်း မသိတော့ဘူး။ အရည်တွေသောက်တာများလွန်းလို့ ဆီးသွားဖို့လိုတယ်လို့ သူခံစားခဲ့ရတယ်။ သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အရည်က သူ့မျက်လုံးကနေ ထွက်လာတယ်။ ဒီလိုပြဿနာမျိုးက သူနက်နက်ရှိုင်းရှိုင်းလိုက်ဖော်ထုတ်ဖို့တောင် မတန်ဘူး။

သူ တကယ်ဆီးသွားချင်နေခဲ့တာကြောင့် လီယွိက သူ့ကိုသန့်စင်ခန်းခေါ်သွားပြီး ဘောင်းဘီချွတ်ကာ ငှက်ကလေးကို ကူညီပေးခဲ့တယ်ဆိုတာ သူမှတ်မိနေသေးတယ်။ သူသာ မူးမနေခဲ့ဘူးဆိုရင် လီယွိနဲ့ ဘယ်တော့မှ နီးနီးကပ်ကပ်နေမှာမဟုတ်ဘူး။ သို့ပေမယ့် လူတွေမူးလာပြီဆို သူတို့က ခေါင်းကြောမာကာ ဘယ်အရာကိုမှ အလေးအနက်တွေးမနေတော့ဘဲ ကမြင်းကြောထတတ်လာကြတယ်။

သူနောက်ဆုံး မှတ်မိတာက မျက်စိကျိန်းလောက်တဲ့အလင်းရောင်တွေ၊ ချာချာလည်နေတဲ့မျက်နှာကြက်နဲ့ ငိုထားတာကြောင့် နီရဲဖူးယောင်နေတဲ့ လီယွိရဲ့မျက်လုံးတွေဖြစ်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now