Chapter - 100

23.5K 3.1K 336
                                    


{Zawgyi}

•ကိုယ့်ကိုယ်ကို သနားနေတာ တော်လောက်ပြီ•

လီရွှမ်းရဲ့မျက်နှာက အတော်လေးကြည့်ရဆိုးနေပြီ။ သူ ကျယ်လောင်စွာနဲ့ "မင်း ဦးနှောက်ပျက်သွားတာလား? သူ ဘာကိုဆိုလိုနေလဲဆိုတာ မင်းမမြင်နိုင်တော့ဘူးလား? လိုက်ကပ်နေတာက အလုပ်ဖြစ်တယ်ဆိုရင် ဘာလို့ဒီလောကကြီးထဲမှာ လူတွေအများကြီး ကိုယ့်ကိုယ်ကို သတ်သေနေကြမှာလဲ? မင်းသိက္ခာလေးတောင် မဆည်နိုင်ဘူးလား? ငါတို့လီမိသားစုလည်း နည်းနည်းလောက် အဖတ်ဆည်ပါရစေ? လိင်တူကြိုက်တာနဲ့တင် မျက်နှာပျက်စရာဖြစ်နေပြီမှတ်လား?"

လီယွိက နှုတ်ခမ်းတွေကို တင်းနေအောင်စေ့ထားပြီး သူ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် ဖြူလျော်နေတယ်။

သူ့ဘ၀မှာ ဒီလောက်ရှက်စရာကောင်းတာမျိုးကို ကျန်းဆွေ့ယင်းဆီကရော သူ့အစ်ကိုကြီးဆီကပါ ဘယ်တုန်းကမှ မခံစားခဲ့ရဖူးဘူး။ သူ့ရဲ့နှစ်ဆယ့်တစ်နှစ်တာဘ၀မှာ သူ့အမှားကို လူတွေရှာလို့မရအောင် ဂရုတစိုက်နဲ့ နေထိုင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် အခုတော့ သူစိတ်ရူးပေါက်သွားတာဖြစ်ရမယ်။ မဟုတ်ရင် ဘယ်လိုလုပ် ယောကျာ်းတစ်ယောက်ကို စိတ်ပြောင်းစေဖို့အတွက် တိုးလျှိုးတောင်းပန်ကာ ခွေးမတစ်ကောင်လိုမျိုး အထင်သေးစရာကောင်းလောက်အောင် ယောကျာ်းတစ်ယောက်နဲ့ ရန်ဖက်ဖြစ်နေရတယ်။

သို့ပေမယ့်လည်း သူတံခါးကနေ ထွက်မသွားချင်သလို ကျန်းဆွေ့ယင်းကိုလည်း တခြားသူတွေလက်ထဲ မပို့နိုင်ဘူး။ အရှက်ကွဲတာထက်စာရင် အခုချိန်မှာ ကျန်းဆွေ့ယင်းရဲ့သူစိမ်းဆန်မှုကို ကြောက်ရွံ့နေတာက ပိုပြီးတပန်းသာနေတယ်။

ကျန်းဆွေ့ယင်းက နောက်ပြန်လှည့်ချင်တော့တာ မဟုတ်ဘူး။ သူသာ ဒီတိုင်းလွှတ်ပေးလိုက်ရင် သူတို့တွေ ကိုယ့်ဘ၀နဲ့ကိုယ်ဖြစ်သွားရလိမ့်မယ်။ သူဒါမျိုးကို လက်မခံနိုင်ဘူး။ သူတကယ်ကို လက်သင့်မခံနိုင်ဘူး။

နေရာမှာတင် မလှုပ်မယှက်နဲ့ တောင့်တောင့်ကြီးရပ်နေတဲ့ လီယွိကို လီရွှမ်းကြည့်လိုက်တယ်။ သူ သက်ပြင်းလေးလေးပင်ပင်ချကာ ကျန်းဆွေ့ယင်းကို အသာပြောလိုက်တယ် "လီယွိက ကိုယ့်ကို ကိစ္စတော်တော်များများ ပြောပြတယ်... ဒါက ကိုယ်တို့လီမိသားစုက သူ့ကိုကောင်းကောင်းမသင်ပြနိုင်ခဲ့တဲ့အတွက် တာဝန်ရှိပါတယ်၊ သူ့ကို ခေါ်သွားလိုက်တော့မယ်... ရှေ့လျှောက် သူ့ကိုထပ်တွေ့စရာမရှိတော့ပါဘူး၊ စိတ်ချထားပါ ကိုယ်တို့ဘက်ကလည်း စိတ်ချထားလိုက်ပါမယ်"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now