Chapter - 91

26.7K 3.1K 582
                                    

{Zawgyi}

•မှောင်ရိပ်သန်းတဲ့ချောင်လေးထဲမှာ စိတ်ဓာတ်ကျ•

ကျန်းဆွေ့ယင်းက အကျီတစ်ထပ်တည်းဝတ်ထားတာဖြစ်ပြီး အပြင်မှာ အပူချိန်က ၁၀ဒီဂရီအောက်ကျနေတာဖြစ်ပေမယ့် ချမ်းနေတာမျိုးမခံစားရဘဲ လမ်းသာဆက်လျှောက်နေတယ်။

ကျန်းဆွေ့လင် သူ့ကားကို ဘယ်နေရာမှာ ပါကင်ထိုးသွားမှန်း သူမသိဘူး။ ကားကို ရှာဖို့ဆိုတာလည်း ပျင်းလွန်းလှတယ်။ သူတွေးမိတာဆိုလို့ သူ့အတွက်အန်ထွက်ချင်စရာကောင်းတဲ့ နေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့သာဖြစ်တယ်။

သူ့နောက်ကနေ လီယွိလိုက်လာပြီး ကုတ်အကျီကိုချွတ်ကာ သူ့ကိုယ်ပေါ်ခြုံပေးလိုက်ပြီး ဖက်ဖို့လုပ်လိုက်တယ်။

ကျန်းဆွေ့ယင်းက သူ့ကိုရွံရှာစွာ တွန်းထုတ်လိုက်ပြီး မိန်းလမ်းမဆီမှာ တစ်ယောက်တည်း လမ်းဆက်လျှောက်နေတယ်။

နှစ်သစ်ကူးနေ့ မနက်အစောပိုင်းဖြစ်တာကြောင့် မြို့တော်မှာလူတစ်ယောက်မှ မရှိသလိုမျိုး လမ်းတွေကရှင်းလင်းနေတယ်။ လမ်းမပေါ်မှာ ကားငှားဖို့မပြောနဲ့ ဖြတ်သွားဖြတ်လာကားတောင် အနည်းအကျဉ်းသာရှိတယ်။ သူထွက်လာတည်းက တက်စီတစ်စီးတောင် မတွေ့ရဘူး။

လီယွိက လက်မလျှော့ဘဲ သူ့ကုတ်အကျီကို ခြုံပေးကာ ခပ်တင်းတင်းဖက်လိုက်တယ် "မသွားပါနဲ့ ကျန်းကော... မသွားပါနဲ့တော့"

ကျန်းဆွေ့ယင်း သူ့ခါးကို တံတောင်နဲ့တွတ်လိုက်တယ်။ လီယွိမှာ ဒဏ်ရာတွေအတော်များနေပြီဖြစ်တယ်။ နာကျင်မှုကြောင့် သူ့မျက်နှာထားပြောင်းလဲသွားပေမယ့် မလွှတ်ပေးသေးဘူး။ သူ့ကုတ်အကျီကို ကျန်းဆွေ့ယင်းခန္ဓာကိုယ်ပေါ် ခြုံပေးလိုက်ပြီး မွန်းကျပ်စွာပြောလိုက်တယ် "ကျန်းကော ကျေးဇူးပြုပြီး မသွားပါနဲ့နော် ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါ၊ အိမ်ကို ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပေးပါ ကျွန်တော် တောင်းဆိုပါတယ်..."

သူ့ရဲ့အာရုံကြောတွေက ခုခံနိုင်စွမ်းမရှိတော့တာကိုသာ လီယွိခံစားနေရတယ်။ ပြီးတော့ ဒီနေ့ဖြစ်ပျက်သွားတဲ့ကိစ္စက သူ့ကိုနောင်တနဲ့သဝန်တိုမှုဆိုတဲ့ တွင်းနက်ကြီးထဲ တွန်းချလိုက်သလိုပဲ။ ကျန်းဆွေ့ယင်းသာ သူ့ကိုမတားခဲ့ဘူးဆိုရင် သူ ကျန်းဆွေ့လင်ကို သတ်မိလိမ့်မယ်ဆိုတာ သူသိတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Donde viven las historias. Descúbrelo ahora