Chapter - 34

18.9K 2.6K 193
                                    

{Zawgyi}

•အစေးကပ်နေကြသော ချစ်သူများ• [အဆင်ပြေနေကြသော ချစ်သူများ]

လက်တလောအအေးလှိုင်းရိုက်ခတ်မှုကြောင့် မြို့တော်ရဲ့အပူချိန်က ရုတ်ခြည်းထိုးကျသွားတယ်။ ထိုကနေစပြီး နွေးနွေးထွေးထွေးမရှိတော့ဘဲ တရားဝင်ဆောင်းတွင်းကို ရောက်ရှိလာခဲ့တယ်။

ရာသီဥတုက အေးတယ်ဆိုပေမယ့် ကျန်းဆွေ့ယင်းနဲ့ လီယွိတို့ရဲ့ဆက်ဆံရေးက တဖြည်းဖြည်းနွေးထွေးလာပြီး သာမန်စုံတွဲတွေလိုမျိုးတောင် အဆင်ပြေပြေရှိနေတယ်။

အခုထိလတ်ဆတ်မှုတွေက မကုန်ဆုံးသေးတာကြောင့် နှစ်ယောက်သားပုံမှန်အားဖြင့် တစ်ပတ်ကို တစ်ကြိမ်နှစ်ကြိမ်တွေ့ဖြစ်တယ်။ ကျန်တဲ့ရက်တွေမှာဆိုရင်တော့ စိတ်အလိုမကျတွေဖြစ်နေကြတယ်။

ကျန်းဆွေ့ယင်းက အတော်လေးပျော်တတ်တဲ့လူဖြစ်တယ်။ သူကြုံဆုံခဲ့ရပြီးဖြစ်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေနဲ့ စီးပွားရေးလောကမှာရှိတဲ့ လူတော်တော်များများကို လီယွိလိုမျိုး ကောလိပ်ဝင်စာမေးပွဲဖြေပြီးခါစ သနားစရာကျောင်းသားလေးနဲ့ မိတ်ဆက်ပေးခဲ့တယ်။ တကယ်တော့ လီယွိကို နိုင်ငံရေးနယ်ပယ် ဒါမှမဟုတ် လီမိသားစုရဲ့မြို့တော်ထဲက အဆက်အသွယ်တွေကို ချိတ်ဆက်ပေးရမှာက လီရွှမ်းရဲ့တာဝန်ဖြစ်ပေမယ့် လီရွှမ်းက နှစ်အနည်းငယ်လောက်ထိ ပြန်လာနိုင်မှာမဟုတ်သလို လီယွိကလည်း ပေကျင်းမှာ နှစ်ပေါင်းများစွာနေလာခဲ့တဲ့သူမဟုတ်ဘူး။ ကျန်းဆွေ့ယင်းက လီယွိရဲ့အနာဂတ်အလုပ်အကိုင်အဆင်ပြေနိုင်ဖို့အတွက် နိုင်ငံရေး-စီးပွားရေးဆက်ဆံရေးတွေကို တတ်နိုင်သမျှ ဘက်ပေါင်းစုံကရနိုင်အောင်လို့ သူအကူအညီလုပ်ပေးနိုင်ဖို့ မျှော်လင့်မိတယ်။

တဖြည်းဖြည်း ကျန်းဆွေ့ယင်းနဲ့ရင်းနှီးတဲ့အပေါင်းအသင်းတွေက သူတို့နှစ်ယောက်ကြားက မရေမရာဆက်ဆံရေးကို မြင်လာကြတယ်။ ဒီလိုအသိုင်းအဝိုင်းထဲမှာက ဆန်းကြယ်တဲ့အရာတွေအများကြီးရှိတယ်။ ကျန်းဆွေ့ယင်းက ဒါကိုတမင်ဖုံးကွယ်ထားတာကြောင့် တခြားလူတွေလည်း သူမပြောချင်လို့ဆိုတာကို သိကြပြီး သိသလိုလိုရှိတဲ့လူတွေကလည်း အရိပ်အမြွက်လောက်သာသိကြကာ သူ့ကိုရန်စမိသလိုဖြစ်မှာကြောက်တဲ့အတွက် ထုတ်မပြောရဲကြဘူး။ အဲ့အတွက်ကြောင့် လီယွိလည်းစိတ်သက်သာရာရမိတယ်။ အများဆုံးရှိမှ လူသုံးယောက်လောက်သာ ချဉ်းကပ်လို့ရနိုင်တဲ့ သူ့အဖေကိုတောင် ဆက်သွယ်နိုင်တဲ့ အချောလေးဖြစ်တယ်။ [ T/N : အောက်ဆုံးအကြောင်းက နည်းနည်းနားမလည်လို့ အဆင်ပြေသလိုရေးထားပါတယ်]

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now