Chapter - 101

19.2K 2.8K 296
                                    


{Zawgyi}

•ဝေးဝေးမှာမနေနိုင်•

ထိုနေ့မှာ လီဝမ်ရွှမ်နဲ့ နာရီပေါင်းများစွာ စကားပြောဖြစ်ခဲ့ပြီး သူတို့တွေ စိတ်ကူးတစ်ခုရခဲ့ကြတယ်။ သေချာတာက ပြင်ဆင်ဖို့လိုတဲ့ ကိစ္စတွေတော့ အများကြီးရှိသေးတယ်။

သူ အိမ်ပြန်ရောက်တဲ့အခါ အတွင်းရေးမှုးလျန်းကို ဖုန်းခေါ်လိုက်တယ်။

အကယ်၍ အသစ်တဖန်ပြန်စတင်ချင်တယ်ဆိုရင် သေချာပေါက် သူ့ရဲ့အရင်အစွမ်းအစရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ပြန်ခေါ်ပြီး ကျန်းဆွေ့လင်ဆီမှာ တစ်ယောက်မှ မထားခဲ့နိုင်ဘူး။ ဒါ့အပြင် ထိုလူတွေက ယေဘုယျအားဖြင့် ကျန်းဆွေ့လင်ထက် ဆယ်နှစ် ဒါမှမဟုတ် အနှစ်နှစ်ဆယ်လောက် ပိုကြီးကြတဲ့သူတွေသာဖြစ်တယ်။ အပေါ်ယံမှာတော့ ဘာမှမပြောကြပေမယ့် စိတ်ထဲမှာတော့ မကျေမနပ်ဖြစ်နေမှာ အသေအချာပဲ။

အတွင်းရေးမှုးလျန်း ပြောကြားချက်အရ ကျန်းဆွေ့လင်က ဆေးရုံက ဆင်းလာပြီဆိုပေမယ့် အိမ်မှာနားနေတုန်းပဲရှိသေးတယ်။ အခု သူ့အဖေက ကုမ္ပဏီကို တာဝန်ယူပေးထားတယ်။ Fifth Ringလမ်းက စီမံကိန်းကလည်း ချောချောမွေ့မွေ့သွားနေတုန်းဖြစ်တယ်။ သူ့အဖေမျက်နှာကြောင့် ဘဏ်ကပိုက်ဆံတွေကို ပုံမှန်လုပ်ရိုးလုပ်စဉ်ထက် မြန်ဆန်စွာနဲ့ ရခဲ့တယ်။

ဒါကိုကြားတော့ ကျန်းဆွေ့ယင်း များများစားစား ခံစားမနေဘူး။ သူ အတွင်းရေးမှုးလျန်းကို သူဆိုလိုချင်တာကို ပြောပြပြီး သူနဲ့လိုက်ပါလိုစိတ် ရှိတဲ့လူတွေကို မေးခဲ့တယ်။

အတွင်းရေးမှုးလျန်က အတော်ကို စိတ်ချရတဲ့လူတစ်ယောက်ဖြစ်တယ်။ ကျန်းဆွေ့ယင်းနဲ့ သုံးနှစ်ကျော်အထိ တွဲလုပ်ခဲ့ပြီး အမှားဆိုတာ မရှိသလောက်ပဲ။ သူမက ကျန်းဆွေ့ယင်း ကြုံတောင့်ကြုံခဲအသိအမှတ်ပြုရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ဖုန်းထဲကနေ သူအရိပ်အမြွက် ပြခဲ့တယ်။ အတွင်းရေးမှုးလျန်းလည်း ကျန်းဆွေ့ယင်းက ဒီအခွင့်အရေးကိုယူပြီး ကျန်းဆွေ့လင်ကို နောက်လိုက်မရှိတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်အောင်လုပ်ချင်နေတဲ့ စိတ်ကူးကို သတိပြုမိလိုက်တယ်။ သူမ ကျန်းဆွေ့ယင်းကို ကျေနပ်အားရသွားတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now