Chapter - 93

24.6K 3.3K 1.1K
                                    

{Zawgyi}

•ပူဆွေးဝမ်းနည်းနေသော Twink•

သူကားရှေ့က ဖြတ်လျှောက်တော့မယ့်နှစ်ယောက်ကို လီယွိကြည့်ကာ စတီယာတိုင်ကို လက်တစ်ဖက်တည်းနဲ့ ဆုပ်ကိုင်ထားပြီး အံကြိတ်ထားတာကြောင့် တဂျွတ်ဂျွတ်(?)အသံတွေထွက်ပေါ်နေတယ်။

သူတို့နှစ်ယောက် ကားရှေ့ကကျော်သွားတော့မယ့်အချိန်မှာ ရုတ်တရက်ကားမီးဖွင့်လိုက်တယ်။

နီးနီးကပ်ကပ်နဲ့ အလင်းရောင်ပြင်းပြင်းကြောင့် နှစ်ယောက်လုံး လန့်သွားကြတယ်။ ခဏလောက်ထိ သူတို့မျက်လုံးတွေမဖွင့်နိုင်ဘဲ လက်နှစ်ဖက်လုံးနဲ့ မျက်လုံးတွေကို ကာထားကြတယ်။

လီယွိကားထဲက ထွက်ကာ တံခါးကို အသံကျယ်ကျယ်ပိတ်ချလိုက်တယ်။

အလင်းရောင်က ပြင်းလွန်းတာကြောင့် ကားထဲက ထွက်လာတဲ့လူကို သူတို့သိပ်မမြင်ရဘူး။ ပိုင်ရှင်းယွီက "ငါလိ့"ဆိုပြီး "ဟျောင့်ရေ ဒီလိုမလုပ်ရဘူးလေ"လို့ ပြောလိုက်တယ်။

လီယွိသူတို့ရှေ့ကို လျှောက်လာတော့မှ နှစ်ယောက်စလုံး ဒီလူဘယ်သူမှန်း သိလိုက်ရတယ်။

ကျန်းဆွေ့ယင်းမျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူ့ကိုအေးတိအေးစက်ကြည့်နေလိုက်တယ်။

လီယွိက ကျန်းဆွေ့ယင်းကို စူးအောင့်နာကျင်နေတဲ့မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေတယ်။ သူ့လက်တွေက တုန်ရီနေပြီး ခက်ခက်ခဲခဲစကားစလိုက်တယ် "ကျန်းဆွေ့ယင်း တစ်နေ့ကို ယောကျာ်းတစ်ယောက်မရှိဘဲ မနေနိုင်ဘူးလား?" [ T/N : အေးပါ ရိုက်ပေါက်ကတော့ စပြီ ]

အသံထွက်လာလာချင်းမှာတင် သူ့မျက်နှာပေါ် နားအူလောက်တဲ့ရိုက်ချက်တစ်ခု ကျရောက်လာတယ်။

အခုက ကျန်းဆွေ့ယင်းလက်ချက်မဟုတ်ဘဲ ပိုင်ရှင်းယွီသာဖြစ်တယ်။

ပိုင်ရှင်းယွီက သူ့အကျီလက်ကို ခေါက်တင်ပြီး သူ့ကို ရန်စဟန်နဲ့ စိုက်ကြည့်နေလိုက်တယ်။ သူ့အစ်ကိုကြီးရဲ့ဒေါသတွေကို ပြေလျော့စေဖို့ ကျန်းဆွေ့လင်နဲ့ လီယွိကို သင်ခန်းစာပေးချင်နေတာ၊ အခုတော့ ဒီလူတွေက တံခါးရှေ့ကို ရောက်လာပေးကြတယ်။ တကယ်တော့ ဒီလူသာ ပုခုံးကျယ်ကျယ် လက်ကောက်ဝတ်ကြီးကြီးနဲ့ မကောင်းဆိုးဝါးဝိဉာဉ်သခင်ကြီးလိုမျိုးဆိုရင်တော့ သူဒီလောက် သတ္တိရှိမှာမဟုတ်ပေမယ့် လီယွိရဲ့ ကြည့်ကောင်းပြီး ခပ်သေးသေးမျက်နှာဖြူလေးက သူ့မျက်လုံးထဲတောင် မဝင်ဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now