Chapter - 57

14.9K 2.4K 85
                                    

{Zawgyi}

•ရိုက်စားသမား•

ကျန်းဆွေ့ယင်း ပိုင်ရှင်းယွီကို ချက်ချင်းဆွဲခေါ်ထုတ်ကာ အားကြီးနဲ့သမလိုက်ချင်ပေမယ့်လည်း သူ့အဒေါ်ရဲ့ကျန်းမာရေးကို လျစ်လျူမရှုလိုက်နိုင်ဘူး။ အဲ့တာကြောင့် နေသာတဲ့နေ့လေးတစ်ရက်ရွေးကာ ပစ္စည်းကောင်းလေးတွေဝယ်ပြီး သူ့အဒေါ်အိမ်ကို အသော့နှင်ခဲ့တယ်။ ကျန်းဆွေ့ယင်း ထင်ထားတဲ့အတိုင်းပဲ ပိုင်ရှင်းယွီက အိမ်မှာရှိမနေဘူး။

သူ့ကို အကောက်ကြံသွားတဲ့ ပိုင်ရှင်းယွီရဲ့လုပ်ရပ်ကို လုံးဝထည့်မပြောဘဲ သူ့ညီရဲ့အနာဂတ်ကို မျှော်တွေးပေးတဲ့ အစ်ကိုကြီးတစ်ယောက်လိုပုံစံမျိုးနဲ့ ပိုင်ရှင်းယွီကို စစ်တပ်ထဲပို့ဖို့ သူတို့တွေကို တောင်းဆိုလိုက်တယ်။

သူ့အဒေါ်နဲ့ ဦးလေးကတော့ တွန့်ဆုတ်နေကာ ပိုင်ရှင်းယွီကိုယ်တိုင်က သွားလိုစိတ်မရှိဘဲ စစ်တပ်ထဲမှာနေရတဲ့ဘ၀က ခါးသီးလှတယ်လို့ ပြောနေကြတယ်။

ပိုင်ရှင်းယွီက စီးပွားရေးလုပ်လို့မရနိုင်ဘူးလို့ ကျန်းဆွေ့ယင်း ပြောပြလိုက်တယ်။ မြို့တော်ထဲမှာ သူအမြဲတမ်းတွေ့တွေ့နေတဲ့လူတချို့က လူကောင်းတွေမဟုတ်သလို သူကလည်း လောင်းကစားကို ကောင်းကောင်းမလုပ်တတ်ဘူး။ အဲ့လူတွေက ပိုင်ရှင်းယွီကို လောင်းကစားမှာ စွဲလမ်းသွားအောင်လုပ်နိုင်ကြောင်း။ အကယ်၍များ အဲ့လိုဖြစ်ခဲ့သည်ရှိသော် မကြာခင်မှာပဲ သူက မိသားစုကို ဖျက်လိုဖျက်စီးလုပ်လာနိုင်တာကြောင့် ဒုစရိုက်ကင်းစင်ပြီး သူ့ကို ကောင်းကောင်းသွန်သင်ဆုံးမနိုင်တဲ့ဆီကို ပို့ထားသင့်ကြောင်း။ အဲ့အပြင် စစ်တပ်ထဲမှာ အဆက်အသွယ်တွေအများကြီးရှိကြောင်း။ သူသာ ဒီလမ်းကြောင်းပေါ်မှာ သည်းခံပြီးကြိုးစားလိုက်နိုင်မယ်ဆိုရင် အနာဂတ်မှာ ကောင်းမွန်တဲ့တက်လမ်းတစ်ခု ရလာနိုင်ကြောင်း။ ဒါက အခုလိုမျိုးအလေလိုက်ပြီး ပိုက်ဆံကို ဘယ်လိုဖြုန်းတီးရမယ် မိန်းမဘယ်လိုလိုက်စားရမယ်ဆိုတာကိုပဲ သိတာထက်စာရင် အများကြီးပိုကောင်းကြောင်း ပြောပြလိုက်တယ်။

ကျန်းဆွေ့ယင်းက ပိုင်ရှင်းယွီကို လက်တုံ့ပြန်ဖို့ကိုလည်း စိတ်အားထက်သန်နေတယ်ဆိုပေမယ့် ဒီဆုံးဖြတ်ချက်က သူတို့ရဲ့ပိုင်မိသားစုနဲ့ ပိုင်ရှင်းယွီအတွက် အမှန်ကန်ဆုံးတွေးပေးထားတာသာဖြစ်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Kde žijí příběhy. Začni objevovat