Chapter - 67

16.5K 2.8K 294
                                    


{Zawgyi}

•ချစ်သူကောင်လေးအပေါ် သံသယဝင်•

'ကျွန်တော့်ကို နားလည်မှုလွဲနေတုန်းဆိုရင်လည်း လီယွိကို သွားမေးကြည့်လိုက်'

'လီယွိကို သွားမေးကြည့်လိုက်'

မထွက်ခင် ကြားလိုက်ရတဲ့ ဒီစကားက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေပြီး မခံမရပ်နိုင်အောင် ခေါင်းကိုက်ကာ လုံးဝမူးထွက်သွားစေတယ်။

ကျန်းဆွေ့ယင်းက တုံးအသူတစ်ယောက်မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အလွန်တရာဉာဏ်ပြေးသူတစ်ယောက်ဖြစ်တယ်။ နာခံတတ်တဲ့ခွေးက တစ်စုံတစ်ယောက်ကို ကိုက်နိုင်တယ်ဆိုတာမျိုးကို ဘယ်တုန်းကမှ သံသယမဝင်မိဘဲ ဒီတိုင်းသူ့အလိုလို လူတစ်ယောက်ကို ယုံကြည်သွားမိတာဖြစ်တယ်။ သူ့ရဲ့အနီးနားကလူက နောက်ကျောကို ဓားနဲ့ထိုးလိမ့်မယ်လို့ ဘယ်လိုသံသယဝင်မိမှာလဲ?

သူလုပ်သမျှမှာ အကြီးမားဆုံးအမှားက ကျန်းဆွေ့လင် ဆယ်နှစ်ကျော်လောက် ဟန်ဆောင်ပန်ဆောင်နဲ့လုပ်ခဲ့တဲ့ အားနည်းပြီး နာခံတတ်တဲ့ဟန်ပန်ကြောင့် စုံလုံးကန်းခဲ့မိတာပဲဖြစ်တယ်။ အဲ့လိုသာဆိုရင်တော့ ကျန်းဆွေ့ယင်းသူ့ကို လေးစားရတော့မှာပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကျော်လောက်တည်းက အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရတာတွေ ဘာမှလည်းမဟုတ်ဘဲ ကိုယ်ရောစိတ်ပါ ပင်ပန်းခဲ့ရတာတွေကို မြိုသိပ်သည်းခံလာခဲ့တယ်လေ။ ဒီလိုမျိုးကို လူအယောက်တစ်သောင်းမှာ တစ်ယောက်တောင် လုပ်နိုင်မှာမဟုတ်ဘူး။

ရှောင်လင်ဇီပါလိုက်တိုင်းမှာ ပြဿနာတစ်ခုမဟုတ်တစ်ခု အမြဲတက်နေတာက အံ့ဩစရာမရှိတော့ဘူး...

ရုတ်တရက်ဆိုသလို ကျန်းဆွေ့ယင်းဦးနှောက်ထဲမှာ ပေဟိုင်းက ကုန်းမြေကိစ္စကို သတိရသွားတယ်။

အကယ်၍ ကျန်းဆွေ့လင်ကသာ သူ့နောက်ကွယ်မှာ တိုက်ခိုက်နေတာမျိုးဆိုရင် ဒီကိစ္စကလည်း သူ့လက်ထဲမှာ အမှားဖြစ်နိုင်တယ်...

အဲ့တော့ လီယွိကရော ဘာလဲ? ဒီမှာ လီယွိက ဘယ်အပိုင်းမှာ ပါနေတာလဲ? သူက ပေဟိုင်းမှာရှိတဲ့ လီယွမ်နဲ့သူ့(ကျန်းဆွေ့ယင်း)ကို ချိတ်ပေးဖို့ အရေးပါတဲ့အပိုင်းကဏ္ဍကနေ ပါဝင်ခဲ့တာ။ သူသာ ရှောင်လင်ဇီပြောခဲ့အတိုင်း တကယ်လုပ်ခဲ့တယ်ဆိုရင်တော့ ကိစ္စတွေအများကြီးက ရှင်းပြီးသားဖြစ်သွားလိမ့်မယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Wo Geschichten leben. Entdecke jetzt