{Zawgyi}
•သူ့ကို bottomထိုင်ရအောင် မလုပ်နိုင်သေးပေမယ့် တစ်နေ့တော့ ရရမယ်!•
နှစ်သစ်ကူးရဲ့ဒုတိယမြောက်ညပိုင်းမှာ ကျန်းဆွေ့ယင်း ရှောင်လင်ဇီကိုခေါ်ပြီး လီမိသားစုဆီသွားလိုက်တယ်။
အခုချိန်မှာ လီမိသားစုကို နှစ်သစ်ကူးလာနှုတ်ဆက်တာတွေကလည်း မနည်းလှဘူး။ ကျန်းဆွေ့ယင်းတို့ရောက်တဲ့အချိန်မှာ လူတွေအများကြီးရှိနေတုန်းပဲဖြစ်တယ်။ လီမိသားစုအကြီးအကဲတွေကလည်း အနားကိုမရတဲ့အတွက် ကျန်းဆွေ့ယင်း စိတ်ထဲထားမနေတော့ဘူး။ သူ့ရဲ့အဓိကရည်ရွယ်ချက်က နှစ်သစ်ကူးနှုတ်ဆက်ဖို့မဟုတ်ဘဲ လီရွှမ်းနဲ့ လီယွိဆီလာရုံသာဖြစ်တယ်။
လီရွှမ်းက ကျန်းညီအစ်ကိုနှစ်ယောက်ကို တတိယထပ်က ဧည့်ခန်းထဲခေါ်ပြီး အောက်ထပ်ကလူတွေနဲ့ သီးခြားနေရာချပေးလိုက်တယ်။ အဲ့တော့မှသာ ကျန်းဆွေ့ယင်းလည်း စိတ်သက်သာရာရတော့တယ်။
လီရွှမ်းရဲ့တတိယထပ်မှာ မဟော်ဂနီနဲ့လုပ်ထားတဲ့ နှစ်မီတာနီးပါးရှည်တဲ့စားပွဲခုံတစ်ခုံနဲ့ လက်ဖက်ရည်အစုံလိုက်ရှိပြီး အတော်လေးအထက်စီးဆန်ပုံပေါ်တယ်။
ပုံမှန်အားဖြင့် မဟော်ဂနီနဲ့လုပ်ထားတဲ့ပရိဘောဂတွေကို အထူးတလည်သဘောကျတာမျိုးမရှိတဲ့ ကျန်းဆွေ့ယင်းတောင်မှ ဒီလိုမျိုးဟိတ်ဟန်ကောင်းတဲ့အရာကိုမြင်တဲ့အချိန်မှာ စကားလုံးအနည်းငယ်နဲ့ ချီးကျူးလိုက်သေးတယ်။ တချိန်တည်းမှာပဲ လီရွှမ်းက ငယ်ရွယ်ပြီး ခန့်ညားတဲ့ ယောကျာ်းတစ်ယောက်လိုခံစားမိပေမယ့် တကယ်တမ်းမှာတော့ သူကအသက်လေးဆယ်အရွယ် လူကြီးတစ်ယောက်ဖြစ်နေပြီလို့လည်း ခံစားလိုက်ရတယ်။ သူသဘောကျတဲ့အရာတွေ၊ သူ့ရဲ့နေပုံထိုင်ပုံတွေက တည်ကြည်ပြီး ခေတ်နောက်ကျတယ်။
သူမနေနိုင်စွာ လီယွိကိုလှမ်းကြည့်ပြီး နှစ်အနည်းငယ်လောက်နေရင် လိယွိလည်း သူ့အစ်ကိုလိုမျိုး ဖြစ်လာလို့မဖြစ်ဘူးလို့တွေးနေမိတယ်။ မဟုတ်ရင် သူတော့မတရားပျင်းနေရမှာ...
လေးယောက်သား စားပွဲပတ်လည်မှာထိုင်ပြီးနောက် လီရွှမ်းက သူတို့ကို လက်ဖက်ရည်ချပေးတယ်။
![](https://img.wattpad.com/cover/228079526-288-k312365.jpg)
BINABASA MO ANG
အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}
RomanceTitle - You are in love with an Idiot《你却爱着一个傻逼》 Author - 水千丞 Shui Qian Cheng Type - Web Novel Chapters: 123 +2 extras + 100 Q&A Status: Ongoing Eng Translator: Sae | Ice Myanmar Translator: Kay_Wine I have permission to translate for this novel.😉