Chapter - 81

19.8K 3K 1.1K
                                    

{Zawgyi}

•ကွဲအက်နေသည့်နှလုံးသားအား နင်းခြေခြင်း•

အခုချိန်မှာ သူ့ရဲ့စိတ်အခြေအနေကို ကျန်းဆွေ့ယင်းဘယ်လိုဖော်ပြရမှန်း မသိဘူး။ ခဏလောက် ဒေါသထွက်ပြီးနောက်မှာ ထုံထိုင်းသွားကာ တဖြည်းဖြည်း အသားကျလာတယ်။ သူ့စိတ်ထဲမှာ ကိစ္စတစ်ခုလုံးကို တွေးကြည့်ပြီး သူတို့မပြောခင်မှာတင် အကြမ်းဖျင်းခန့်မှန်းနိုင်လိုက်တယ်။ ဒီစီမံကိန်းက စစချင်းတည်းက ကျန်းဆွေ့လင် သူ့ကိုမိတ်ဆက်ပေးထားတာဖြစ်ပေမယ့် တစ်နှစ်လောက်ရှိပြီဖြစ်ကာ ယန်းနဲ့လည်း သူငယ်ချင်းဖြစ်သွားခဲ့ကြတယ်။ သူ့အမြင်မှာတော့ ကျန်းဆွေ့လင်က စီးပွားရေးအချက်အလက်ကောင်းတစ်ခု ရလာခဲ့တာဖြစ်ပြီး နေ့တိုင်းတခြားသူတွေဆီက စီးပွားရေးအချက်အလက်တွေအများကြီးရတယ်လို့ သူထင်ခဲ့တယ်။ တစ်ရာမှာ တစ်ခါလောက်သာ သူ့ကိုအကြိမ်အနည်းငယ် ပြန်တွေးမိအောင် လုပ်နိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့စိတ်ဝင်စားမှုကို လေ့လာသုံးသပ်ခဲ့တာဖြစ်မယ်။ ဒါက အလွန်ကိုနည်းပါးတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်။ ဒါကြောင့် ကျန်းဆွေ့လင်က အစောကြီးတည်းက သူ့အတွက် ကျင်းတူးပေးထားတယ်ဆိုတာကို သူမယုံနိုင်သေးဘူး။ ထိုအချိန်တုန်းက သူ့မှာဒီလိုစိတ်ကူးရှိတယ်ဆိုရင်တောင် ဒါက အခွင့်လေးတစ်ခုသာဖြစ်တယ်။

ပိုမိုငယ်ရွယ်ကာ တစ်ယောက်ထက်တစ်ယောက် ပိုမိုလှပသလို တစ်ယောက်ထက်တစ်ယောက်လည်း ပိုမိုတွက်ချက်တတ်တဲ့ ကျန်းဆွေ့လင်နဲ့ လီယွိတို့ကို သူကြည့်လိုက်တယ်။ နှလုံးသားထဲမှာ မျှော်လင့်ချက်မဲ့မှုကြောင့် သိမ့်ကနဲအေးသွားတယ်။

သူ့မှာ လူတွေကို ခုန်ပေါက်ပြီးရိုက်ဖို့တောင် စိတ်မဝင်စားနိုင်တော့ဘဲ နှလုံးသားထဲမှာ အင်အားမဲ့မှုတွေနဲ့သာ ပြည့်နေခဲ့တယ်။ ဆိုဖာပေါ်မှာ တည်ငြိမ်စွာထိုင်လိုက်ပြီး ရှိနေတဲ့လူတွေကို တည့်တည့်ကြည့်လိုက်တယ်။ များစွာသော လှောင်ရယ်မှုတွေ တိုက်ခိုက်မှုတွေကို ကြုံခဲ့ရတာကြောင့်ဖြစ်မယ်။ ကျန်းဆွေ့ယင်း အလွယ်တကူ ခုန်ပေါက်မနေတော့ဘဲ တခြားစကားနဲ့ပြောရရင် ရှုံးနိမ့်မှုကို ရင်ဆိုင်နေရတာတောင် အတတ်နိုင်ဆုံး မျက်နှာကို တည်ငြိမ်အောင်သာ ထားတော့တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now