Chapter - 63

16.8K 2.9K 769
                                    

{Zawgyi}

•ဦးထုပ်စိမ်းနှင့် အမျိုးသား•

သူ့ရဲ့လက်ရှိစိတ်အခြေအနေကို ကျန်းဆွေ့ယင်း တကယ်မဖော်ပြတတ်ဘူး။

သူကျတော့ ကုမ္ပဏီရဲ့ ဟိုးထပ်ဆုံးကနေ ချောင်အကျဆုံးနေရာတွေအားလုံးအထိ လိုက်ရှာခဲ့ရပြီး လူနှစ်ယောက် တံခါးနောက်ကနေ 'ငါ့ကိုသဘောကျတယ် ပြီးတော့ ငါမင်းကိုသဘောကျတယ်'ဆိုတဲ့ ချီးစကားတွေကိုသာ ကြားလိုက်ရတာကြောင့် သူ့တစ်ကိုယ်လုံးကသွေးတွေ ခေါင်းပေါ်တက်ဆောင့်သွားသလိုမျိုး သူ့ခေါင်းထဲမှာ တဝီဝီပဲ့တင်သံတွေနဲ့သာပြည့်နှက်လာတယ်။ ဒီအသံနှစ်ခုစလုံးကို ရင်းနှီးနေတယ်ဆိုတာ လုံးဝဝန်မခံချင်ဘူး။

တံခါးကိုကန်ဖွင့်ပြီးဝင်လိုက်တဲ့နောက်မှာ မြင်လိုက်ရတဲ့မြင်ကွင်းက သူ့ကိုပိုပြီးပေါက်ကွဲစေတယ်။ လှပတဲ့လူငယ်လေးနှစ်ယောက်က ချစ်ခင်ရင်းနှီးတဲ့ခံစားချက်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေကြပြီး စကားပြောဆိုရင်း သူတို့ရဲ့လက်လေးတွေကိုတောင် ကိုင်ထားကြတာကြောင့် သူတကယ်ကို မျက်လုံးတွေ ကန်းသွားချင်မိတယ်။

'မအံ့ဩတော့ပါဘူး၊ ငါ့ကို လီယွိစတွေ့တုန်းကဆို ဆောင်းရာသီလိုမျိုး အေးစက်နေပြီး ကျန်းဆွေ့လင်ကိုတော့ နွေဦးလိုမျိုး နွေးနွေးထွေးထွေးရှိတယ်၊ ပြီးတော့ ငါနဲ့ဆို တစ်နေကုန်မျက်နှာကြီး ဆူပုတ်ထားရမှာကိုလည်း ဘယ်တော့မှမပင်ပန်းဘူး... နေရောင်ခြည်လိုတောက်ပမှုတွေနဲ့ စိတ်ပါလက်ပါမှုတွေက သောက်ကျိုးနည်း ကျန်းဆွေ့လင်အပေါ်ပဲ အသုံးချတာ၊ ငါ ဘယ်လိုတောင် ရူးသွပ်နိုင်ရတာလဲ? သူတို့ကြားမှာ ဖြူစင်တဲ့သူငယ်ချင်းဆက်ဆံရေးရှိတယ်လို့ ဘယ်လိုတောင် တွေးနိုင်ခဲ့ရတာလဲ? အလှအပကြောင့် မိန်းမောသွားပြီး လီယွိ ကျန်းဆွေ့လင်အပေါ် ဂရုတစိုက်ရှိတာတွေကို မမြင်နိုင်တော့တာဖြစ်မယ်'

ကျန်းဆွေ့ယင်း ခြေလှမ်းနှစ်လှမ်းသုံးလှမ်းလောက်နဲ့ အပြေးသွားကာ နားအူသွားစေမယ့်ပြင်းထန်တဲ့ရိုက်ချက်တစ်ခု ကျန်းဆွေ့လင်မျက်နှာပေါ် ကျရောက်သွားတယ်။

ဒါကို မြင်လိုက်တာနဲ့ လီယွိ သူ့ကိုတားတော့တယ်။ "စိတ်ထိန်းပါအုံး! ခင်ဗျား နားလည်မှုလွဲနေပြီ!"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now