Chapter - 129 [ Special Chapter ]

19.7K 1.9K 129
                                    

{Zawgyi}

•ငါ့ကို ဒီက ထုတ်ပေး•

ညစာစားချိန်ရောက်တော့ ပိုင်ရှင်းယွီ သူ့တူကိုတောင် သိပ်မရွေ့နိုင်ဘူး။ ရှုပ်ယှက်ခတ်နေတဲ့ကန်တင်းကြီးက ဝက်စာနဲ့တောင် သွားတူနေတယ်။ သူ့အမြင်မှာ ထမင်းချက်က ညစ်ပတ်ပြီး တွန့်ကြေနေတဲ့apronက သူ့ကို စားချင်သောက်ချင်စိတ်ကုန်စေတယ်။ အရေးကြီးဆုံးက သူ ထမင်းစားဖို့အတွက် တန်းစီမယ့်အချိန်မှာ လူတိုင်းက တအားတွေ တိုးဝှေ့နေတာကြောင့် သူ့မှာ ဖယ်ပေးလိုက်ကာ လူတိုင်းပြီးသွားတဲ့အချိန်ထိ စောင့်နေခဲ့တာကြောင့် စွပ်ပြုတ်က အိုးဖင်ကပ်သာ ကျန်တော့တယ်။

ပိုင်ရှင်းယွီလည်း လေးလံတဲ့သံထမင်းခွက်ကို စူပုပ်ပုပ်နဲ့ ကိုင်ကာ စွပ်ပြုတ်အရည်ကြည်လေး ခပ်ထည့်ပြီး ထောင့်နားမှာ ကျုံ့ကျုံ့လေး သွားထိုင်လိုက်တယ်။ စွပ်ပြုတ်ကို တစ်ဇွန်းသောက်ကြည့်ပြီးနောက် သူ အန်တောင်ထွက်တော့မလိုဖြစ်သွားရတယ်။ ဒါက အချိုမှုန့်တွေမဟုတ်ဘူးလား?

သူ့နှလုံးသားမှာ မျှော်လင့်ချက်မဲ့မှုတွေ ကြီးစိုးလာပြီး သူ့ရဲ့ကျန်ရှိတဲ့ဘ၀ကို ဒီနေရာမှာ ဘယ်လိုဖြစ်သန်းရမှန်း မသိတော့ဘူး။ သူ အခက်အခဲတွေနဲ့ ဆင်းရဲဒုက္ခတွေကို သည်းမခံနိုင်ဘူး။ သူက အတော်လေးအားနည်းတဲ့စရိုက်ဖြစ်တယ်။ သူက ဗိုလ်ကျသူတွေရဲ့သံလိုက်လေးဖြစ်ပြီး ခက်ခဲပင်ပန်းတာတွေကို ကြောက်တယ်။ သူ့ကိုယ်သူ ထောက်ပံ့ဖို့လည်း ပိုက်ဆံမရှိဘူး။ သူက ဒီမှာ ဗလာနတ္ထိဖြစ်နေပြီး လေတွေမိုးတွေကြားက ပျိုးပင်လေးတွေထက်တောင် အားနည်းနေသေးတယ်။

သူ့ကို ကြည့်နေကြမယ့် အိပ်ဆောင်ထဲက စစ်မှုထမ်းဟောင်းတွေ၊ စိတ်တောင်မကူးနိုင်တဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေနဲ့ သူ့ဖင်ကို လိုချင်နေတဲ့ မကောင်းဆိုးဝါးယွီကို ပြန်တွေးမိချိန် သူ့မျက်လုံးတွေရှေ့က အမှောင်ထုကြီးကိုသာ ခံစားမိပြီး ခေါင်းဆောင့်ပြီးသာ သေလိုက်ချင်တယ်။

သူ့ကံကြမ္မာကို ဝမ်းနည်းပူဆွေးနေတုန်း သူ့ရှေ့က စားပွဲပေါ် ထမင်းစားခွက်တစ်ခု ဗြန်းခနဲရောက်လာတယ်။ အကြမ်းပတမ်းအပြုအမူကြောင့် ထမင်းခွက်ထဲက စွပ်ပြုတ်က အနည်းငယ်ဖိတ်သွားပြီး ပိုင်ရှင်းယွီမျက်နှာပေါ်ပါ စင်သွားတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Dove le storie prendono vita. Scoprilo ora