Chapter - 88 🚑

32.2K 2.7K 1K
                                    

[ Kay : တစ်ပိုင်းလုံးက rape scene သာဖြစ်ပါတယ်။ အသက်မပြည့်သေးတဲ့ကလေးတွေအတွက် မသင့်တော်ပါ။ ထို့အပြင် incestဖြစ်တာကြောင့် သဘောမကျတဲ့လူများ အခုအပိုင်းကို ကျော်သွားနိုင်ပါတယ်။ ]

{Zawgyi}

•အိမ်မက်ဆိုးဆန်သော လက်တွေ့ ၁•

ကျန်းဆွေ့ယင်း အချိန်အကြာကြီး သတိလစ်မသွားဘူး။ အိပ်နေရင်း အနည်းငယ် အေးစိမ့်လာတာကြောင့် နိုးလာခဲ့တယ်။ အများကြီး သောက်ထားတာကြောင့် ခေါင်းကိုက်သလိုလို ဖြစ်နေသေးပေမယ့် ဇဝေဇဝါဖြစ်မနေဘူး။

သူနိုးလာချိန်မှာ သူက ထူးဆန်းတဲ့နေရာတစ်ခုမှာ လှဲနေပြီး မျက်နှာပေါ်ကိုလည်း အေးစက်တဲ့တစ်စုံတစ်ရာက လာထိနေတာကို ခံစားမိလိုက်တယ်။

အခန်းထဲက အလင်းရောင်နဲ့ သူ့မျက်လုံး ကျင့်သားရအောင် ကြိုးစားလိုက်ပြီးချိန်မှာ ကျန်းဆွေ့လင်က သူ့မျက်နှာကို တဘက်တစ်ခုနဲ့ သုတ်ပေးနေတာကို သိလိုက်ရတယ်။

ကျန်းဆွေ့လင်မျက်နှာပေါ်က မကြည်မလင်မှုန်မှိုင်းနေတဲ့အမူအယာက သူ့ကိုအတော်လေး မသက်မသာဖြစ်စေတယ်။ မသိရင် အသေကောင်ကို မျက်နှာသုတ်ပေးပြီး မိတ်ကပ်လိမ်းပေးတော့မယ့် အတိုင်းပဲ။

ကျန်းဆွေ့လင်က သူ့ကိုကြည့်ကာ နူးနူးညံ့ညံ့ပြုံးလာတယ် "ကော နိုးပြီးပဲ"

"ငါ..." ကျန်းဆွေ့ယင်း လှုပ်လိုက်တယ်ဆိုရင်ပဲ တစ်ခုခုမှားနေပြီဆိုတာကို သိလိုက်ရတယ်။ သူ အားနဲ့ ရုန်းကာ ချွေးစေးတွေပါ ထွက်လာတယ်။ သူ့ခြေတွေလက်တွေကို ကုတင်တိုင်တွေနဲ့ ချည်နှောင်ထားတယ်။ ကြိုးတွေက ကျုံ့နိုင်ဆန့်နိုင်တယ်ဆိုပေမယ့် တိုက်ခိုက်တာမျိုး ဒါမှမဟုတ် ကြီးကြီးမားမားလှုပ်ရှားတာမျိုးတွေ လုပ်လို့မရအောင် ဟန့်တားထားတယ်။

ကျန်းဆွေ့ယင်း သူ့ရဲ့မူးဝေနေတဲ့ခေါင်းကို ခါပစ်လိုက်ပြီး အတော်လေးသတိကပ်လာတယ် "မင်း ဘာကိုဆိုလိုတာလဲ?"

ကျန်းဆွေ့လင်က တဘတ်ကို ကုတင်ဘေးကစင်ပေါ်တင်လိုက်ပြီး သူ့နှဖူးပေါ်မှာ ကျနေတဲ့ဆံပင်တွေကို လက်ချောင်းနဲ့အသာဖယ်ရင်း နူးညံ့စွာ ပြောလိုက်တယ် "ကော ကျွန်တော်က ကောနဲ့စကားပြောချင်လို့၊ အခုကောက ကျွန်တော့်ကို ကြည့်တောင်မကြည့်ဘူးလေ"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now