Chapter - 15

14.4K 2.3K 367
                                    

{Zawgyi}

“ရှောင်လင်ဇီ မင်းငါးမျှားတတ်လား?” ငါးမျှားချိတ်မှာ ငါးစာတပ်နေရင်း ကျန်းဆွေ့ယင်းပေါ့ပေါ့ပါးပါးမေးလိုက်တယ်။

“ကျွန်တော့်မှာ အတွေ့အကြုံတော့မရှိဘူး ကောကပဲ သင်ပေးပေါ့”

ကျန်းဆွေ့ယင်းက သူ့ကိုငါးစာကောင်းကောင်းလေးပေးလိုက်တယ်။ “ကိုယ့်နားမှာ လာထိုင်” နှစ်ယောက်သားခုံမှာထိုင်ပြီး ကျန်းဆွေ့ယင်းက သူ့ဆီကို ဘီယာတစ်ဘူးကမ်းလိုက်တယ် “ဒီနားလာခဲ့ အေးနေတုန်းပဲ”

လီယွိက မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်လာတယ် “မနေ့တုန်းကပဲ သောက်ပြီးမအီမသာတွေဖြစ်နေခဲ့တာကို သောက်ချင်နေတုန်းပဲလား?”

“ဒါကိုတော့ သောက်ဖို့လိုလို့ပါကွာ”

လီယွိခေါင်းကိုသာ ခါရမ်းပြီး ဘူးကိုယူကာ ဘေးနားချထားလိုက်တယ်။

ကျန်းဆွေ့ယင်း ငါးမျှားတံချပြီးနောက် ဘီယာအေးကို တစ်ငုံသောက်ပြီးနောက် သက်ပြင်းတစ်ခုကိုကျေကျေနပ်နပ်ကြီးချလိုက်တယ်။

“ရာသီဥတုက တကယ်ကောင်းတယ်နော်၊ ကိုယ်ကလေးတုန်းကဆိုရင် ဆောင်းရာသီနဲ့ နွေရာသီပိတ်ရက်တွေမှာ ဒီကိုလာပြီးအချိန်ဖြုန်းနေကျ… အဲ့အချိန်တုန်းက ကိုယ်အကြိုက်ဆုံးက ငါးမျှားရတာပဲ”

ကျန်းဆွေ့ယင်းခုံကိုမှီချကာ အဝေးဆီကသဘာဝအလှတွေကို ခံစားနေလိုက်တယ်။

ရေကန်ပေါ်နေရောင်ဖြာကျနေကာ တိုက်ခတ်နေတဲ့လေပြေရယ် ရွှေရောင်လှိုင်းတွေရယ်၊ အစိမ်းရောင်မြက်ခင်းတွေနဲ့ လေအဝှေ့မှာယိမ်းနွဲ့နေတဲ့ပန်းပွင့်လေးတွေ... အရာအားလုံးက တိတ်ဆိတ်ပြီး လှပလွန်းတဲ့မြင်ကွင်းလေးဖြစ်တယ်။ လီယွိလည်း ရင်ထဲမှာငြိမ်းချမ်းနေတာကို ခံစားမိတယ်။ သူတောင်မသိလိုက်ဘဲ မျက်လုံးကိုမှိတ်ကာ ထိုင်ခုံကိုကျောမှီမိသွားတယ်။

အချိန်ဘယ်လောက်တောင် လီယွိအိပ်ပျော်သွားမှန်းမသိဘူး နားထဲမှာ ကျန်းဆွေ့ယင်းရဲ့အော်သံကိုကြားလိုက်ရတော့ ဆတ်ခနဲလန့်နိုးသွားတယ်။ “ဟေး ဒီမှာတစ်ကောင်ကောင်လာဟပ်နေပြီ!”

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Tahanan ng mga kuwento. Tumuklas ngayon