Chapter - 23

15.9K 2.5K 515
                                    

{Zawgyi}

နောက်တစ်နေ့ကျတော့ လီရွှမ်းက ကွမ်ရှီကိုပြန်တဲ့အခါ လီယွိကိုပါခေါ်သွားတယ်။ သဘက်ခါကျတော့ ကျန်းဆွေ့ယင်းက သူ့ညီနဲ့အတူ လိုက်လာတယ်။

လီရွှမ်းက လီယွိနဲ့အတွင်းရေးမှုးကို သူတို့ကိုသွားကြိုပြီး နေဖို့အစိုးရဧည့်သည်အိမ်တွေမှာ စီစဉ်ပေးဖို့ပြောခဲ့တယ်။ အိမ်က ကြယ်သုံးလုံးအဆင့်ရှိပြီး အသုံးအဆောင်တွေက ရှေးကျပေမယ့် အလွန်သန့်ရှင်းတယ်။

လီယွိက ကျန်းဆွေ့ယင်းကို သူနေရမယ့်အခန်းလိုက်ပြပေးလိုက်တယ်။ လီရွှမ်းလည်း မရှိသေးဘူးဆိုတော့ ကျန်းဆွေ့ယင်း သူ့ရဲ့ပင်ကိုစရိုက်ကို ချက်ချင်းထုတ်ပြလာတယ်။ သူလီယွိကို အထင်သေးသလိုကြည့်လိုက်တယ် "မင်းငါ့ကိုထားတဲ့ အိမ်ကြီးကိုလည်းကြည့်အုံး၊ သေးသေးလေးနဲ့ ဟောင်းနေပြီ... အဟောင်းနံ့ကြီးနဲ့ ပြတင်းပေါက်တွေ သွားဖွင့်ပေး"

လီယွိက သူ့အစ်ကိုကိုယ်စား လာခဲ့တယ်ဆိုပေမယ့် ဧည့်သည်တွေကို ဧည့်ခံပေးမယ်လို့တော့ မဆိုလိုဘူး။ အစိုးရဝန်ထမ်းတစ်ယောက်ကို အရမ်းဇိမ်ကျကျဖြစ်အောင် ဧည့်ဝတ်ပြူငှာပေးဖို့ဆိုတာ သူ့အတွက် မဆီလျော်လှဘူး။ ခင်ဗျားကို အလကားနေလို့ရအောင် နေရာပေးထားတာကပဲ ကောင်းလှနေပြီလို့ သူတွေးလိုက်တယ်။ ဒီကျန်းဆွေ့ယင်းဆီမှာ တကယ့်ကို ဇီဇာကြောင်ပြီး အလိုကြီးသိမ်ဖျင်းလှတဲ့ပြဿနာရှိနေတာပဲ။

တကယ်တော့ ကျန်းဆွေ့ယင်းက လီယွိစိတ်အနှောင့်အယှက်ဖြစ်အောင် တမင်တကာလုပ်နေတာသာဖြစ်တယ်။ အထူးသဖြင့် လီယွိရဲ့ဒေါသပုန်ထနေတဲ့မျက်နှာလေးကို မြင်ရတာသူသဘောကျတယ်။

ဆွေ့လင်က မြန်မြန်ကြားဝင်လိုက်ရတယ် "ကော ဒီအခန်းက အဆင်ပြေပါတယ်၊ ဒီမှာရှိတာတွေက သူ့ဟာနဲ့သူလိုက်ဖက်နေတာပါပဲ ဒါမှမဟုတ်လည်း ကျွန်တော်ကောအတွက် အိပ်ရာခင်းအသစ်တစ်ခုသွားဝယ်ပေးရင်ရော အဆင်ပြေမလား?"

ကျန်းဆွေ့ယင်းမှာ ပြဿနာတွေအများကြီးရှိနေပေမယ့် အရမ်းရင်းနှီးချင်ယောင်မဆောင်လိုတာကြောင့် တုန့်ဆိုင်းခြင်းမရှိ သရော်လိုက်တယ် "မလိုဘူး... ရှောင်လင်ဇီ၊ ငါဗိုက်ဆာတယ်"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now