Chapter - 31

17.1K 2.7K 808
                                    

{Zawgyi}

•အပျော့စား G videoနှင့် စိတ်မထိန်းနိုင်ခဲ့တဲ့ လီယွိ•

သောကြာနေ့ညရောက်တော့ ကျန်းဆွေ့ယင်းအိမ်မှာ ညစာပြန်စားပြီး အဖေနဲ့ပြဿနာတက်ပြန်တယ်။

တကယ်ဆို သူအိမ်ပြန်မလာချင်ဘူး။ သူပြန်သွားရင် မိသားစုသုံးယောက်သား သားအမိနှစ်ယောက်နဲ့ ပျော်ရွှင်မြူးတူးနေတာတွေကိုမြင်ရတော့ ဘာမှမစားဘဲနဲ့တောင်မှ ရင်ပြည့်တယ်။

ဒါပေမယ့်လည်း သူ့အဖေက အိမ်ကိုတစ်လတစ်ခါတော့ ပြန်လာရမယ်လို့ပြောတယ်။ သူသုံးသပ်ကြည့်ချက်အရဆိုရင်တော့ သူ့အဖေက တခြားလူတွေဆီကနေ သူ့ရဲ့အရင်မိန်းမသားကိုတော့ လျစ်လျူရှုထားတယ်ဆိုပြီး အတင်းအဖျင်းတွေပြောလာမှာကို စိုးရိမ်နေပုံပေါ်တယ်။

သူ့မှာသာ ရွေးခြယ်စရာတစ်ခုရှိမယ်ဆိုရင် သူ့အဖေ သူ့ကိုလုံးဝအာရုံမစိုက်ဖို့အတွက် မျှော်လင့်မိတယ်။ အဲ့တာဆို သူဘယ်လောက်တောင် စိတ်ချမ်းသာလိုက်မလဲ...

ကောင်းကောင်းစားနေလိုက်ရင်ပြီးတာပါပဲ သူနဲ့ဘာမှမဆိုင်ဘူး။

ညစာစားပြီးနောက် သူ့အဖေက စာကြည့်ခန်းထဲကိုခေါ်ကာ လတ်တလောသူရဲ့ ရင်းနှီးမြှုပ်နှံမှုအလားအလာတွေနဲ့ ပက်သက်ပြီး မေးခွန်းတွေအများကြီးမေးခဲ့တယ်။

သူ့အဖေက သူ့ကုမ္ပဏီမှာ အတော်လေးများပြားတဲ့ရှယ်ယာကို ကိုင်ထားတာဖြစ်တယ်။ ကုမ္ပဏီက ဘယ်လောက်ရှိတယ်၊ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားတယ်ဆိုတာကို သူသိချင်တယ်ဆိုရင် ပုံမှန်အားဖြင့် ကျန်းဆွေ့ယင်း မပြောဘဲထားလို့မရဘူး။

သူထုတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုငွေကြေးတွေက အရမ်းများတယ်လို့ သူ့အဖေတွေးနေတယ်။ အိမ်ခြံမြေတွေနဲ့ ဆုံးသွားတဲ့အကြွေးတွေဆိုတာက ရင်းနှီးမြှုပ်နှံတဲ့ကာလမှာ ဖြစ်နေကျကိစ္စလိုမျိုးဖြစ်တာကြောင့် မြို့တော်နဲ့အဆက်အစပ်မရှိတဲ့နေရာတွေက အန္တရာယ်များလွန်းတယ်။

ကျန်းဆွေ့ယင်းကတော့ အရာအားလုံးသူ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာလို့ ခံစားမိတယ်။ သူဒီစီးပွားရေးနယ်ပယ်ထဲမှာ ကျက်စားနေတာနှစ်ပေါင်းများစွာကြာလှပြီ။ ပြီးတော့ အဲ့လောက်ထိလည်း သူတုံးအမနေဘူး။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now