Chapter - 9

16.5K 2.6K 64
                                    

{Zawgyi}

ကျန်းသခင်လေး တစ်ကြိမ်လောက်ကြင်နာပြတာနဲ့ သူ့ညီလေးကို ကောလိပ်စာမေးပွဲဖြေချိန်မှာ အစ်ကိုကြီးတစ်ယောက်အနေနဲ့သွားကြိုပေးတယ်ဆိုတဲ့အရာတွေက ဒါပေါ့ တကယ့်အကြောင်းအရင်းက သူ့ညီလေးအတွက်ကြောင့်တော့ ဘယ်ဟုတ်လိမ့်မလဲ…

စာမေးပွဲဖြေနေကြတဲ့နေရာကိုသွားဖို့အတွက် ကားကိုကျောင်းဆီဦးတည်ပြီးလှည့်လိုက်ချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူ့ခေါင်းတောင်ပေါက်ကွဲလုနီးနီးဖြစ်သွားတယ်။

မရေမတွက်နိုင်တဲ့ကားတွေက လမ်းတစ်လျှောက်ပိတ်ဆို့နေပြီး အတော်ကြီးကားလမ်းပိတ်နေတာဖြစ်တယ်။ ဘယ်နေရာကိုပဲကြည့်ကြည့် ကားတွေနဲ့ လူတွေချည်းပဲမြင်နေရတယ်။ လမ်းကြောင်းရှင်းသွားဖို့အတွက် ယာဉ်ထိန်းရဲကလာပြီးလမ်းပြပေးရလောက်တဲ့ထိတောင် တော်တော်လေးဆိုးနေတာဖြစ်တယ်။

မိနစ်နှစ်ဆယ်အတွင်းမှာ ကျန်းဆွေ့ယင်းရဲ့ကားက ရှေ့ကိုဆယ်မီတာလောက်လေးပဲ ရွေ့သေးတယ်။

“Fuck ရူးလောက်အောင် ကားလမ်းလာပိတ်နေတယ်… ကောင်းပြီ မင်းဒီလမ်းကြောင်းအတိုင်းသွားမနေနဲ့တော့၊ ငါ့ဘာသာပဲဆင်းပြီးတော့ သူတို့ကိုသွားရှာတော့မယ်၊ ဒီတိုင်းကားကိုကွေ့ပြီး ဟိုဘက်ကားလမ်းမှာ ငါတို့ကိုစောင့်နေ”

သူ့ဒရိုင်ဘာလည်း ခုမှသက်ပြင်းချရတယ်၊ ရှေ့တိုးဖို့အတွက်ကို တစ်သက်စာလောက်ကြာနေတာက ဘယ်သူ့ကိုမဆိုစိတ်တိုစေမှာပဲလေ။

ကျန်းဆွေ့ယင်း ကားတံခါးကိုဖွင့်လိုက်ချိန်မှာ အပူလှိုင်းကသူ့ကို ရိုက်ခတ်သွားပြီး အထဲတောင်ပြန်ဝင်ချင်စိတ်ဖြစ်သွားတယ်။

သူ့မျက်လုံးကိုမှေးကျဉ်းပြီး နေလုံးကြီးကိုမော့ကြည့်ကာ အပြင်ထွက်လာပြီး ကျောင်းပေါက်ဝဆီလျှောက်သွားလိုက်တယ်။

သူ့ရဲ့ခြေကျင်းဝတ်က နည်းနည်းနာနေတယ်ဆိုပေမယ့် သူ့ရဲ့လမ်းလျှောက်တဲ့အပေါ်မှာတော့ သက်ရောက်မှုမရှိစေဘူး။ အဓိကဖြစ်နေတာက မခံမရပ်နိုင်အောင်ပူနေတာကိုပဲ။

ကံကောင်းချင်တော့ ကားတွေက အဖြူလိုင်းတားထားတဲ့ပေါ်ဖြတ်မောင်းလို့မရဘူး။ ကျန်းဆွေ့ယင်းအဲ့နားကို ယိုင်တိုင်တိုင်နဲ့လျှောက်သွားပြီး ဂိတ်ပေါက်ဝမှာ လည်ပင်းတွေရှည်ပြီး စိုးရွံ့နေတဲ့အမူအယာနဲ့ ဟိုဟိုဒီဒီကြည့်နေကြတဲ့ ဦးလေးကြီးတွေ အဒေါ်ကြီးတွေအုပ်စုနားမှာ သွားစောင့်နေလိုက်တယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now